UBER အငှားယာဉ်မောင်းများအတွက် အူရီဒူးမှ အထူးအင်တာနက်ဝန်ဆောင်မှု များလုပ်ပေးမည်

0

Full article

ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများ လွယ်ကူစွာခရီးသွားလာနိုင်မှုနှင့် ဆက်သွယ်နိုင်မှုတို့အတွက် အူရီဒူးမြန်မာက UBER ၏ လက်တွဲဖော်ယာဉ်မောင်းများအတွက် ၄င်းတို့၏ နေ့စဉ်ဘဝတွင် မိုဘိုင်းဖုန်းအသုံးပြုခြင်းကြောင့် ကုန်ကျနေ သည့်စရိတ်များကို လျှော့ချနိုင်စေရန် အထူးစီစဉ်ထားသည့် အင်တာနက်အစီအစဉ် တစ်ခုကို မိတ်ဆက်၍ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အင်တာနက်အစီအစဉ်တွင် UBER ၏ လက်တွဲဖော်ယာဉ်မောင်းများအတွက် အူရီဒူးဆင်းကတ်များနှင့်တွဲဖက်၍ UBER application ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်ပြီး ဒေတာအသုံးပြုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများကို အထူးဈေးနှုန်းများဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် UBER မှာ မြန်မာနိုင်ငံတွင် လက်တွဲဖော်ယာဉ်မောင်းများကို ၄င်းတို့၏ အက်ပလီ ကေးရှင်းကို အခမဲ့အသုံးပြုခွင့်ပေးသည့် ပထမဆုံးသော တက္ကစီဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်လာပြီး လက်တွဲဖော် ယာဉ်မောင်းများအတွက် ကုန်ကျစရိတ်များလျှော့ချ၍ ဝင်ငွေပိုမိုမြင့်မားလာစေရန်အတွက် အထောက်အကူတစ်ခုဖြစ် လာမှာ ဖြစ်တယ်လို့သိရပါသည်။

"အူရီဒူးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကတော့ UBER အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက် တွေထဲက တစ်ခုဖြစ်ပါတယ်။ UBER အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကို စတင်ဝင်ရောက်ခဲ့စဉ်က ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သလို ဈေးကွက်ကျယ်ပြန့်လာတဲ့အချိန်မှာလည်း အူရီဒူးမြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်လိုက်ခြင်းကြောင့် ရန်ကုန်မြို့အတွင်း ခရီးသွားလာမှုပုံစံနဲ့ အချင်းချင်းဆက်သွယ်တဲ့ပုံစံတွေကို အတူလက်တွဲပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါတယ်။ UBER နဲ့ အူရီဒူးတို့ အကြား အခုလိုပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံရဲ့ digital အသွင်ပြောင်းလဲခြင်းအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်" လို့ UBER ရဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ Charity Safford က ပြောကြားသည်။

ရန်ကုန်မြို့၏ ခရီးသွားလုပ်ငန်း တစ်ခုဖြစ်သော တက္ကစီဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် UBER နှင့် ဆက်သွယ်ရေး အော်ပရေတာ အူရီဒူးမြန်မာလီမိတက်တို့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

B-01

Author