Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်

0

Full article

Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ဒုတိယအပတ်၌ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခင်က customer များသည် Uber တက္ကစီကား ခေါ်လျှင် ကျသင့်မည်ဈေးနှုန်းကို ခန့်မှန်းချေလောက်သာ သိရပြီး အတိအကျ မသိရသည့်အတွက် ကားခေါ်သင့်၊ မခေါ်သင့် မဆုံးဖြတ်နိုင်ခြင်းမျိုး ကြုံတွေခဲ့ရကြောင်းကို Uber အနေဖြင့် နားလည်သဘောပေါက်ခဲ့ပါသည်။

ထို့အတွက်အကြောင့် Uber သည် customer များ အကျိုးကျေးဇူးအလို့ဌာ ပိုမိုလွယ်ကူသက်သာစေသည့် စနစ်သစ်ကို ဖန်တီး အကောင်အထည်ဖော်လိုက်ဖြင်းဖြစ်ပါသည်။ ယခုစတင်လိုက်သည့် စနစ်သစ်မှာတော့ Uber application တွင် ကိုယ်သွားမည့် ခရီးစဉ်ကို ထည့်လိုက်သည်နှင့် သွားမည့်ခရီးအကွာအဝေး၊ ယာဉ်ကြောအခြေအနေ၊ ကိုယ်ငှားမည့် ပတ်ဝန်းကျင်တွင်ရှိသည့် Uber ကားအရေအတွက်နှင့် ကိုယ့်လိုပဲ ငှားရမ်နေသည့်သူ အရေအတွက်ပေါ်မူတည်ပြီး ဈေးနှုန်း အတိအကျကို ကြိုတင်တွက်ချက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ယခုပြင်ဆင်လိုက်သည့် စနစ်သစ်သည် ယခင်ထက် ပိုမိုသက်သာသည့် အခြေခံဈေးနှုန်းများအပေါ် မူတည်ပြီး တွက်ချက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ငှားရမ်းမည့်သူအနေဖြင့် ဈေးနှုန်းကိုကြည့်ပြီး ဈေးနှုန်းများနေသည်ဟု ထင်မှတ်ကာ မခေါ်ဘဲနေခြင်းမျိုး လုပ်နိုင်သလို ဈေးနှုန်းအဆင်ပြေမှ ကားခေါ်ခြင်းမျိုးကိုလည်း လုပ်နိုင်မှာဖြစ်ပါသည်။ ယခုလို ကြိုတင်တွက်ချက် ပေးထားသည့် ဈေးနှုန်းသည် ခရီးစဉ်အတွင်း လမ်းကြောင်းပြောင်းလဲမှုမရှိလျှင် (သို့မဟုတ်) တစ်နေရာရာကို အချိန်အကြာကြီးဝင်နေခြင်းမျိုးမရှိလျှင် ဈေးနှုန်းလည်း ပြောင်းလဲမည် မဟုတ်ပါ။ ထို့ကြောင့် customer များသည် ကားကြပ်ခြင်းကြောင့် ဈေးနှုန်းကြီးမြင့်မှုအတွက်လည်း စိုးရိမ်နေစရာလိုတော့မည်မဟုတ်ပါ။

ကြိုတင်တွက်ချက်ထားသည့် ဈေးနှုန်းထဲတွင် promotion များလည်း ပါဝင်ခြင်းကြောင့် ဌားရမ်းသူများက promo code ရှိ ထားလျှင် ခရီးစဉ်ပြီးဆုံးသည့်အခါ ကြိုတင်တွက်ချက်ထားသည့် ဈေးနှုန်းအတိုင်း ပေးချေရတော့မည်ဖြစ်ပါသည်။ Uber သည် အံ့သြသင့်ဖွယ်အစီအစဉ်များ၊ ဂိမ်းတွေ ဖန်တီးပြီး special promo များကို မကြာခဏဆိုသလို အမြဲပေးနေခြင်း ကြောင့် Uber facebook page ကို see first လုပ်ထားစေချင်ပါကြောင်း customer များကို တိုက်တွန်းနှိုးဆော်အပ်ပါ သည်။

Author