ထရပ်ကား အမျိုးအစားအား ရန်ကုန်မြို့ထက် နယ်ဒေသမှဝယ်လိုအားများကာ ရန်ကုန်လိုင်စင်အတွက် ကားပါကင် ထောက်ခံချက်တစ်ခုပိုလာ၍ ထရပ်ကားဈေးမှာ (၁ဝ)သိန်း ဝန်းကျင်တက်လာကြောင်း သိရသည်.။ ထရပ်ကားအများစုအား Free Permit ဖြင့် တင်သွင်းမှုများ၍ ကားပါကင်ထောက်ခံချက် လို/မလို သေချာစွာ မသိရဘဲ မည်ကဲ့သို့ သတ်မှတ်ချက် ပေးထားသည်ကို မသိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်.။
ထရပ်ကားက Free Permit နဲ့သွင်းတာများတယ်.။ ရန်ကုန်လိုင်စင်အတွက်ဆိုရင် ပါကင်ထောက်ခံချက်လိုတယ်.။ အဲဒီတော့ ဒီထရပ်ကားကြီးတွေအတွက် သတ်မှတ်ချက်က ဘယ်လိုဆိုတာ သေချာမသိဘူး.။ ဘာပဲပြောပြော ရောင်းဈေးကို မပြောနဲ့ ကျွန်တော်တို့ ဝယ်ရင်းဈေးတောင် ပါကင်ထောက်ခံချက်အတွက်နဲ့ ဘာနဲ့ဆိုရင် (၁ဝ) သိန်း၊ (၁၁) သိန်း ဝန်းကျင် ဈေးပိုပေးလာရတယ်.။ ဈေးသာတက်တာ အရောင်းအဝယ် လုံးဝမဖြစ်ဘူး ဟုပြောသည်.။
ထို့အပြင် ဖေဖော်ဝါရီလမှ စကာ မူသေနံပါတ်ရယူရန် သတ်မှတ်ရက်ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ကြေး (၃ဝဝဝ) ကျပ်ပေးဆောင်ရမည် ဆိုသောအချက်ကြောင့် တစ်ပိုင်တစ်နိုင် ဝယ်ရောင်းသမားများအား အခက်တွေ့စေကြောင်း ပြောသည်.။
တစ်ပိုင်တစ်နိုင် ဝယ်ရောင်း အများစုမှာ မူသေနံပါတ်ရယူထားကြခြင်းမရှိဘဲ ဝယ်သူလာမှသာ နံပါတ်နှိုက်ယူ ရောင်းချကြကြောင်း သိရသည်.။
ယခုလက်ရှိအချိန်တွင် ပဲခူး၊ မန္တလေး နယ်လိုင်စင်ဖြင့်သာ ထရပ်ကားကြီးများ ဝယ်သူအနည်းငယ် ရှိနေကာ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူမှု မရှိသလောက်ပင်ဖြစ်ကြောင်း သိရသည်.။
ရွှေစံ
ဖေဖော်ဝါရီ (၆) – (၁၂)၊ ၂ဝ၁၅ ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။
No. 1 Car Site in Myanmar
www.myanmarcarsdb.com