ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်များ နေ့လယ်အချိန် ဖြတ်သန်းသွားလာခွင့်ရပ်ဆိုင်း

0

Full article

ရန်ကုန်မြို့တွင်း ကုန်တင်ယာဉ်နှင့် ကုန်သေတ္တာယာဉ်များ ဖြတ်သန်းမောင်းနှင်နေမှူများကို နေ့လည် မောင်းနှင်ရမည်ကိစ္စတက္ကသိုလ် စာမေးပွဲရက်များတွင်ယာဉ်ကြောပိတ်ဆို့မှူ ဖြစ်လာနိုင်သဖြင်ခတ္တရပ်ဆိုင်းသွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲံ့ သိရပါတယ်။

ကုန်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို နေအချိန်သွားလာခွင့်ပြုတာကို တက္ကသိုလ်စာမေးပွဲ ဖြေဆိုမယ့်ရက်အတွင့်း ယာဉ်ကြောပိတ်ဆို့မှူဖြစ်လာနိုင်လို့ ခတ္တရပ်ဆိုင်းထားပါတယ်။နောက်ပိုင်းမှာ ပြန်လည်သတ်မှတ်ပေးသွားဖို့ရှိပါတယ် ။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ကုန်သေတ္တာယာဉ်များဖြတ်သန်းသွားလာခွင့်အချိန်ကို တက္ကသိုလ်စာမေးပွဲရက်အတွင်း မေလ ၅ ရက်အထိ ယခင်အတိုင်း ညပိုင်း ၉ နာရီမှ မနက် ၆ နာရီအမောင်းနှင်ရမှာဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းအတွင်း ကုန်တင်ယာဉ်များကို ယာဉ်ကြောပိတ်ဆို့မှူ ဖြေလျှော့နိုင်ရန်အတွက် အရှေ့ဖက် လမ်းကြောဖြစ်သော ဗိုလ်တစ်ထောင်ကမ်းနားကွန်ကရစ်လမ်းထိပ်မှ မဟာဗန္တုလတံတားကို ဖြတ်၍ သာကေတ ရူခင်းသာလမ်း၊ ရတနာလမ်း၊ဧရာဝဏ်လမ်း၊မောင်းမကန်လမ်း၊အမှတ်(၂)လမ်းမကြီး ပြည်ထောင်စုလမ်း၊ဗိုလ်မှူးဗထူးလမ်း-သုဓမာလမ်း-ခရေလမ်လမ်းများကို ကုန်တင်ယာဉ်နဲ့ ကုန်ရတနာလမ်း၊ဧရာဝဏ်( ဝန်မပါ)ဖြင့် ဆိပ်ကမ်းများကိုတင်ပို့မည့် ကုန်ပစ္စည်းများအား ခရေပင် လမ်း-သုဓမာလမ်း-ဗိုလ်မှူးဗထူးလမ်း-ပြည်ထောင်စုလမ်း- အမှတ်(၂)လမ်းမကြီး -မောင်မကန်လမ်း-ရတနာလမ်း-ရူခင်းသာလမ်း၊မဟာဗန္တူလတံတား – ဗိုလ်တစ်ထောင်ကမ်းနား ကွန်ကရစ်လမ်းမကြီးအတိုင်း-ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်များကို ဝန်ဖြင့် နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ ကြေငြာထားရှိပါတယ်။

ခေတ်သစ်

Author