ဧပြီလ ၆ ရက်မှစ၍ ကုန်တင်ယာဉ်များနှင့် ကုန်သေတ္တာတင်ယာဉ်များ နေ့လည်ပိုင်း ဖြတ်သန်းခွင့်ပြန်လည်ခွင့်ပြု

0

Full article

ရန်ကုန်မြို့တွင်းကမ်းနားလမ်းတစ်လျှောက်နှင့်ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ကုန်သေတ္တတာတင်ယာဉ်များ မောင်းနှင်ခြင်းကို ဧပြီ ၆ ရက်မှစ၍ နေ့လယ်ပိုင်း ဖြတ်သန်းသွားလာတာကို ပြန်လည်ခွင့်ပြုမည်ဖြစ်တယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲက သိရပါတယ်။ ကုန်တင်ယာဉ်တွေကို ၆ ရက်နေ့ကစပြီး ပြန်လည်သွားလာခွင့်ပေးမှာပါ။ တက္ကသိုလ်စာမေးပွဲတွေရှိလာနိုင်လို့ ယာဉ်ကြောပိတ်ဆို့မှူဖြစ်လာနိုင်တဲ့အတွက် မတ်လ ၁၅ ရက်က ခေတ္တရပ်ဆိုင်းထားပြီး ဧပြီ ၆ ရက်ကစပြီး ဖြတ်သန်းခွင့် ပြုသွားမှာဖြစ်ပါတယ်။ လို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့တွင်း ကုန်တင်ယာဉ်နှင့် ကုန်သေတ္တာယာဉ်များ သွားလာမှူကို ကမ်းနားလမ်းနှင့်ဘုရင့်နောင်လမ်းမကြီးအား နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်သန်းသွားလာခွင့်ကို မတ်လ ၁၅ ရက်တွင်သွားလာခွင့်ပြုခဲ့ပြီး တက္ကသိုလ်စာမေးပွဲရက်များတွင် ခေတ္တပြန်လည်ရပ်ဆိုင်းခဲ့ရာ ဧပြီ ၆ ရက်မှ စတင်၍ ဖြတ်သန်းခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းအတွင်း ကုန်တင်ယာဉ်များကို ယာဉ်ကြောပိတ်ဆို့မှူ ဖြေလျှော့နိုင်ရန်အတွက် အရှေ့ဖက် လမ်းကြောဖြစ်သော ဗိုလ်တစ်ထောင်ကမ်းနားကွန်ကရစ်လမ်းထိပ်မှ မဟာဗန္တုလတံတားကို ဖြတ်၍ သာကေတ ရူခင်းသာလမ်း၊ ရတနာလမ်း၊ ဧရာဝဏ်လမ်း၊ မောင်းမကန်လမ်း၊ အမှတ် (၂)လမ်းမကြီး ပြည်ထောင်စုလမ်း၊ ဗိုလ်မှူးဗထူးလမ်း-သုဓမာလမ်း-ခရေပင်လမ်းများကို ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်များ (ဝန်မပါ)ဖြင့် ဆိပ်ကမ်းများကိုတင်ပို့မည့် ကုန်ပစ္စည်းများအား ခရေပင်လမ်း-သုဓမာလမ်း-ဗိုလ်မှူးဗထူးလမ်း-ပြည်ထောင်စုလမ်း- အမှတ်(၂)လမ်းမကြီး – မောင်မကန်လမ်း-ရတနာလမ်း-ရူခင်းသာလမ်း မဟာဗန္တူလတံတား – ဗိုလ်တစ်ထောင်ကမ်းနား ကွန်ကရစ်လမ်းမကြီးအတိုင်း-ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်များကို ဝန်ဖြင့် နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author