ယာဉ်စီးခပေးချေခြင်း ကဒ်စနစ် YBS အတွက်သာ မဟုတ်ဘဲ ရထားနှင့် ရေကြောင်းဖြင့် သွားလာရေး လုပ်ငန်းများ အားလုံးတွင် အသုံးပြုသွားမည်

0

Full article

Zawgy Version

ယာဉ်စီးခပေးချေခြင်း ကဒ်စနစ်ကို တင်ဒါခေါ်ယူထားမှုမှာ YBS အတွက်သာ မဟုတ်ဘဲ ရထားနှင့် ရေကြောင်းဖြင့် သွားလာရေးလုပ်ငန်းများအားလုံးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရသည်။

"ယာဉ်စီးခပေးချေတဲ့ကဒ်စနစ်ကို တင်ဒါစည်းကမ်းချက်နဲ့အညီ ပြန်ရွေးချယ်ဖို့ လုပ်နေပါတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အားလုံးအသုံးပြုနိုင်အောင် နည်းပညာတွေ ထည့်သွင်းထားမှာပါ။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို YBS ခရီးသည်တင်ယာဉ်များတွင် အသုံးပြုသွားမည့် Yangon Payment Service (YPS) တင်ဒါခေါ်ယူမှုကို ကျန်ရှိသည့် စကာတင် ကုမ္ပဏီ ၂ ခုအနက်မှ တစ်ခုကို ထပ်မံစိစစ်ရွေးချယ်၍ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon payment service (YPS) ကဒ်စနစ်မှာ ဘတ်စ်ကားစီးရုံမျှမဟုတ်ဘဲ အခြားနယ်ပယ်အသီးသီးတွင်လည်း သုံးစွဲနိုင်ရန်ဖြစ်ကြောင်း၊ ဈေးဝယ်ခြင်း၊ အခြားသော ဘတ်စ်ကားကဲ့သို့သော ရထား၊ ရေလမ်းများနှင့် သယ်ယူပို့ ဆောင်ရေး ကဏ္ဍများ၌ပါ သုံးစွဲနိုင်သည့် ကတ်မျိုးဖြစ်ရန်အတွက် အစိုးရအနေဖြင့်ကြိုးစားနေကြောင်း၊ ကတ်ကိုသာ သုံးစွဲနိုင်ပါက ဘတ်စ်ကားလိုင်းများတွင် ငွေရေတွက်ရသည့် လုပ်ငန်းကဏ္ဍများ လျော့ပါးသွားမှာဖြစ်ပြီး ယင်းဝန်ထမ်း ကိုလည်း အခြားသော ကဏ္ဍနယ်ပယ်များတွင် ပြောင်းလဲအသုံးပြုခွင့်ရလာမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရန်ကုန် မြို့၌ ဘတ်စ်ကား (၅ဝဝဝ)ခန့် လှည့်ပတ်ပြီးပြေးဆွဲနေပြီး ယာဉ်လိုင်းသစ်တွေများစွာကိုလည်း တိုးမြှင့်ရန် ကြိုးစား နေကြောင်းကို ရန်ကုန်တိုင်းဝန်ကြီးချူပ်က မတ်လ ၂၆ ရက်ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီး အမှတ် (၉၄)ယာဉ်လိုင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

Author