၂၀၁၉ ဩဂုတ်လအတွင်း ကညနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းဆောင်ရွက်ပေးမည့် မြို့နယ်များ

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ဩဂုတ်လအတွင်း၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများကို နယ်လှည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ဩဂုတ်လအတွင်း၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးဆောင်ရွက်ခြင်းကို အောက်ပါမြို့နယ်များတွင် နယ်လှည့်ဆောင်ရွက်ပေးသွားမည်ဟုသိရသည်။ နေပြည်တော်တိုင်းတွင် တပ်ကုန်း၊ ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ဖားကန့်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆားလင်းကြီး၊ ရေဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦး၊ ပန်းတောင်း၊ အုတ်ဖို၊ မကွေးတိုင်းဒေသကြီးတွင် နတ်မောက်၊ ရေစကြို၊ စေတုတ္ထရာ၊ အောင်လံ၊ မန္တလေးတိုင်းဒေသကြီးတွင် ကျောက်ပန်းတောင်း၊ မွန်ပြည်နယ်တွင် မုဒုံ၊ ရခိုင်ပြည်နယ်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ထန်းတစ်ပင်၊ လှိုင်သာယာ၊ ကျောက်တန်း၊ ရှမ်းပြည်နယ်တွင် လဲချား၊ ဧရာဝတီတိုင်းဒေသကြီးတွင် သာပေါင်း၊ မော်လမြိုင်ကျွန်း၊ ကြံခင်း၊ မြန်အောင်၊ ဒေးဒရဲ တို့တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

သို့ဖြစ်ပါ၍ အထက်ပါ မြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများနှင့် သက်သေခံအချက်အလက်များကို အဆင်သင့်ပြုလုပ်ထားရန် အသိပေးနှိုးဆော်ထားသည်။

Reporter: Zing

Author