Yangon Payment Service (YPS) Card စနစ်ကို မကြာမီစတင်နိုင်တော့မည်ဟုဆို

0

Full article

Yangon Payment Service (YPS) card စနစ်ကို မကြာမီစတင်သွားမည်ဖြစ်ကြောင်း Yangon Payment Service စနစ်အတွက် တင်ဒါအောင်ကုမ္ပဏီ Asia Starmar Transport Intelligent Co.,Ltd. ထံမှသိရသည်။

YPS card စနစ်စတင်ချိန်တွင် flat fare စနစ်ဖြင့် ယာဉ်စီးခကို ကောက်ခံသွားမည်ဖြစ်ပြီး YBS ယာဉ်များ၏ အရှေ့တံခါးတွင် point of sale (POS) စက်တစ်ခု၊ အနောက်တံခါးတွင် POS စက်တစ်ခုတပ်ဆင်သွားမည်ဖြစ်ပြီး ယာဉ်ပေါ်တက်ပါက YPS card ဖြင့် POS စက်ကို တစ်ချက်ထိရမည်ဖြစ်ကာ၊ ယာဉ်ပေါ်မှဆင်းပါက အနောက်တံခါးရှိ POS စက်တွင် နောက်တစ်ကြိမ် ထပ်မံ ထိရမည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် distance-based fare စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ယခုလတ်တလောတွင် Asia Starmar Transport Intelligent Co.,Ltd. မှ GPS data များတိကျမှုရှိစေရန် အဓိကထား စမ်းသပ်မှုများပြုလုပ်နေကြောင်း သိရသည်။ Asia Starmar Transport Intelligent Co.,Ltd. အနေဖြင့် YPS စနစ်အတွက်လိုအပ်သော စက်ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူထားပြီး YPS card စနစ်အတွက် ဒေါ်လာ ၇ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

YPS အတွက် (၂၀၁၇) ခုနှစ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး တင်ဒါစိစစ်ရေးအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ၌ Asia Starmar Transport Intelligent ကုမ္ပဏီကို တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်ခဲ့ကာ YBS ၂ နှစ်ပြည့် အခမ်းအနားတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးမှ YPS card စနစ်စတင်ပြီးပါက ပထမ ၆ လအတွင်း ပုံသေယာဉ်စီးခ၊ ၉ လ အကြာတွင် လမ်းပိုင်းအလိုက် ယာဉ်စီးခကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Reporter : Zing

Author

Comments