ရန်ကုန်-မန္တလေး-မူဆယ် ပြေးဆွဲနေသော ပို့ဆောင်ရေးယာဉ်လိုင်းတစ်လိုင်း စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ခေတ္တရပ်နား

0

Full article

ပြည်တွင်းစက်သုံးဆီ ဈေးများမြင့်တက်လာမှုကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသည့် ရန်ကုန်-မန္တလေး-မူဆယ် ပြေးဆွဲနေသော ရွှေချမ်းသာကုန်စည် ပို့ဆောင်ရေးယာဉ်လိုင်း ခတ္တရပ်နားထားရှိကြောင်း ယာဉ်လိုင်းလုပ်ကိုင်နေသည့် ရွှေချမ်းသာဒေါင်းမင်းကုမ္ပဏီက လူမူကွန်ရက်စာမျက်နှာတွင် အသိပေးထားရှိသည်။

အဆိုပါ ရန်ကုန်-မန္တလေး-မူဆယ် ပြေးဆွဲနေသော ရွှေချမ်းသာကုန်စည် ပို့ဆောင်ရေးယာဉ်လိုင်း လုပ်ကိုင်နေသည့် ရွှေချမ်းသာဒေါင်းမင်းကုမ္ပဏီမှ ယာဉ်လိုင်းများအား စက်သုံးဆီဈေးပြန်လည်ကျဆင်းလာပါက ယာဉ်လိုင်းအားပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဂိတ်အနေဖြင့် ပို့ဆောင်နေသော customer များအတွက် ဆက်လက်၍ ကုန်စည်ချိန်းပြောင်းလုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

ရွှေချမ်းသာကုန်စည် ပို့ဆောင်ရေးယာဉ်လိုင်းအနေနှင်စီ့း ပွားရေးအခြေအနေ အားလုံးတည်ငြိမ်မှသာ ပြန်လည်ပြေးဆွဲမည်ဖြစ်ပါကြောင်း၊ တွက်ခြေကိုက်မည့် လုပ်ငန်းများရှိပါကလည်း ခေါ်ယူပြေးဆွဲနိုင်ပါကြောင်းနှင့် ဂိတ်အနေဖြင့် ပို့ဆောင်နေသော customerများအတွက် ဆက်လက်၍ကုန်စည်ချိန်း ပြောင်းလုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းပြေးဆွဲနေသော ရွှေချမ်းသာဒေါင်းမင်းကုမ္ပဏီကအသိပေးထားရှိသည်။

ပြည်တွင်းစက်သုံးဆီဈေးများမြင့်တက်လာခြင်းများကြောင့် ခရီးသည်တင်အဝေးပြေးကားများ မြို့တွင်းအဌားယာဉ်တက္ကစီလုပ်ငန်းများနှင့် ကုန်စည်များပို့ဆောင်နေသော ယာဉ်လိုင်းအများစုမှာလည်း သယ်ယူပိုဆောင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ရပ်တည်ရန်ခက်ခဲလာပြီး ယာဉ်စီးခများ တိုးမြင့်ကောက်ခံမှုများ လုပ်ဆောင်လာလျက်ရှိကြောင်း သိရသည်။

Transportation

Author