ကွန်ပြူတာတက္ကသိုလ်သို့ ပြေးဆွဲနေသောရထားကို ယာယီရပ်ဆိုင်းထားမည်

0

Full article

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင့်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် ကွန်ပြူတာတက္က သိုလ်သို့ ပြေးဆွဲနေသောရထားကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂ဝ) ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည် အုပ်ချုပ်ရေး) ဦးထွန်းအောင်သင်း၏ ပြောကြားချက်အရသိရသည်။ ဒီလုပ်ငန်းဆောင်ရွက်မှုကြောင့် ကျောင်းသားတွေနှင့် ခရီးသည်တွေ အဆင်ပြေရန် အတွက်ကိုလည်း ဖေဖော်ဝါရီလ ၁၈ရက်နေ့ကစတင်ပြီး လူထုမိတ်ဆွေ ကုမ္ပဏီ က ရန်ကုန်ဘူတာကြီးမှ ကွန်ပြူတာ တက္ကသို်လ်အထိ ဘတ်(စ်) YBS လိုင်းအမှတ် ၇၈ ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ "ကွန်ပြူတာတက္ကသိုလ်က ပါချုပ်တွေရော၊ ကျောင်းသားတွေရော မေတ္တာရပ်ခံပြီး အဆင်ပြေအောင် YBS ၇၈ ကိုပြေးဆွဲဖို့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်" ဟု ဦးထွန်းအောင်သင်းကဆိုသည်။ ကွန်ပြူတာတက္ကသိုလ်သို့ ပြေးဆွဲနေသည့် ရထားလမ်းကြောင်းကို သုံးလ ရပ်နားထားမှာဖြစ်ပြီး ဧပရယ် လ တစ်ရက်နေ့တွင် ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် မြို့ပတ်နှင့်ဆင်ခြေဖုန်းဘူတာ ၅၅ ခုကို ရထားစီးရေ ၇၆ စီး၊ တွဲဆိုင်း ၂၂ဝ နှင့် ပြေးဆွဲပေးနေပြီး တစ်ရက်ကိုစီးနင်းသူ ဦးရေ ကိုးသောင်းခန့် ရှိနေကြောင်း သိရသည်။ Regulation

Author