Full article

တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲ နှင့် အနုပညာရှင်တစ်ဦး ဖြစ်ပွားခဲ့သည့်အမှုအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ထား ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး'တွင် အမှတ်(၂)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။Traffic-Police-man

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းဆုံတွင် ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး သောင်းဒန်နှင့် အနုပညာရှင် တစ်ဦးဖြစ်သူ သရုပ်ဆောင် နေသူရိန်တို့ ဖြစ်ပွားခဲ့သည့် ပြဿနာအတွက် ရဲတပ်ကြပ်ကြီး သောင်းဒန်မှ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့ မရဲစခန်း ပ ၁၁၄/၂ဝ၄ ပုဒ်မ ၃၂၂ အရ တရားလို ပြုလုပ် တရားစွဲဆိုခဲ့သလို နေသူရိန် ဘက်မှလည်း ပုဒ်မ ၃၂၅ အရ ပြန်လည် တရားစွဲဆိုထားကြောင်း သိရသည်။ "ဒီ အမှု အတွက် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မင်္ဂလာတောင်ညွန့် တရားရုံးကနေပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ၊ အဖြစ်မှန်ပေါ်ရင် မှားတဲ့သူ အရေးယူခံရမှာ ဖြစ် ပါတယ်၊ ဥပဒေအတိုင်းပဲ ဖြစ်စေမှာပါ၊ မှန်မှန်ကန်ကန် ဖြစ်အောင်လည်း လိုအပ်တဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးမယ်၊ ဘက်လိုက်တာမျိုး လုံးဝ မရှိစေဘဲ မှန် မှန်ကန်ကန် ဆုံးဖြတ်စေမှာပါ"ဟု 'အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ ရဲတပ်ကြပ်ကြီး သောင်းဒန် စွဲဆိုထားသည့် ဥပဒေ ပုဒ်မ ၃၃၂ မှာ ပြည်သူ့တာဝန်ထမ်းဆောင်နေချိန်အတွင်း သာမန်နာကျင်စေမှု၊ လက်ရောက်ကျူးလွန်မှုဖြစ်ပြီး နေသူရိန်ဘက်မှ ပြန်လည်စွဲဆိုထားသည့် ဥပဒေပုဒ်မ ၃၂၅ မှာ မည်သူမဆို တုံးသောလက်နက်ဖြင့်သာ နာကျင်စေမှု ဖြစ်စေခဲ့သည့် ပုဒ်မတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းဆုံတွင် တာဝန်ကျရဲတပ်ကြပ်ကြီး သောင်းဒန် တာဝန်ထမ်းဆောင်နေချိန် ၉ဃ/.... အနက်ရောင်ယာဉ်သည် မီးပွိုင့်တွင် ဖရီးယာဉ်ကြော အတိုင်း ညာဘက် သိမ်ဖြူလမ်းကို မကွေ့ဘဲ တည့်တည့်ထွက်လာ သည်ကို တာဝန်ကျရဲတပ်ကြပ်ကြီးက တားဆီခဲ့ရာ တွင် အဆိုပါ အနုပညာရှင် နေသူရိန်မှ တားဆီး မှုအတွက် ကြမ်းတမ်းစွာပြောဆို ခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁ဝ ရက်၊ ညနေပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်၌ ပြန်လည် ရောက်ရှိ လာကာ ယာဉ်ပေါ်ပါ လူလေး ယောက်ဖြင့် အနိုင်အထက် ပြု လုပ်ခဲ့၍ ရဲတပ်ကြပ်ကြီး သောင်း ဒန်က ပြန်လည် ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အ ထက်ပါရုံးမှ သိရသည်။

Ref : Automobile

Author