Full article

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူခဲ့ပါသည်။

Police-Fukk-333x500

၃.၃.၂ဝ၁၄ ရက်နေ့ ၂:၃ဝ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးအုန်းသွင်နှင့်အဖွဲ့သည် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ်၊ (၄) ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း ဝန်ထမ်းအိမ်ယာရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ဝတ်စုံအား ဖိနပ်မပါ၊ ဦးထုပ်မပါဝတ်ဆင်လျက် ယာဉ်များကိုရပ်တန့် စစ်ဆေး ပြီးငွေကြေး တောင်းခံနေသူတစ်ဦးအားတွေ့ရှိခဲ့၍ မသင်္ကာသဖြင့်စစ်ဆေးခဲ့ပါသည်။ အဆိုပါသူအားစစ်ဆေးရှာဖွေရာ ၎င်းမှာယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ အင်းစိန်မြို့နယ်၊ ရွာမ အနောက်ရပ်ကွက်နေ ကျော်ဆန်းဝင်း (ဘ)ဦးဆန်းမြင့် ဖြစ်ကြောင်းသိရှိရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ဝတ်စုံအား အယောင်ဆောင်ဝတ်ဆင်၍ မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေးကာ ငွေကြေးများ တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းထံမှ ထိုကဲ့သို့ တောင်းခံရရှိထားသည့် ငွေကျပ်(၇၇ဝဝ)အား သိမ်း ဆည်းရမိခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁ဝ၁/၂ဝ၁၄၊ ပုဒ်မ ၁၇ဝ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref : Myanmar daily news

Author