Full article

ယာဉ်ထိန်းရဲများ တာဝန် ထမ်း ဆောင်နေစဉ် ရန်ပြုခြင်း၊ ဆဲဆိုခြင်းများ ရှိလာသောကြောင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် နံပါတ်တုတ်များ ကိုင်ဆောင်မည်ဟု ရန်ကုန်တိုင်း အမှတ်(၂) ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။

Traffic-Police-man

မီးနီကို ဖြတ်မမောင်းနဲ့ ဆိုရင် ဖြတ်မောင်းတယ်။ ဖြတ်မောင်းလို့ ချလန်ဖြတ်တော့ ယာဉ်ထိန်းရဲကို ပြန်ဆဲတယ်။ တချို့ဆို ကတ်ကြေးနဲ့ ထိုးတာ၊ တုတ်နဲ့ရိုက်တာတွေ ရှိတယ်။ ဒါဟာ ရှက်စရာ ကောင်းပါတယ်။ဒါကြောင့် အခုဆိုရင် ယာဉ်ထိန်းရဲတွေ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ နံပါတ်တုတ်တွေ ဆောင်ထားမှာဖြစ်ပါတယ်။ ဒါဟာ လမ်းအသုံးပြုသူ နဲ့ ပြည်သူကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ကာကွယ် ဖို့ ဖြစ်တယ် ဟု ရဲမှူးကပြောသည်။ နောက်ပိုင်းတွင် လိုအပ်ပါက သေနတ်ကိုင်ဆောင်သည် အထိဖြစ်လာနိုင်သည်ဟု ဆက်လက်ပြော ဆိုခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် တွင် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ဆိုင်ကယ်မှ လူကို တိုက်မိမှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တိမ်းမှောက်မှု ၄၅ မှု၊ ဆိုင်ကယ်နှင့်ယာဉ် တိုက်မှု ၄၂ မှု၊ ဆိုင်ကယ်မှ စက်ဘီးကိုတိုက်မှု ၃၄ မှု၊ ဆိုင်ကယ်မှအရာဝတ္ထုကိုတိုက် မိမှု ၁၇ မှု၊ ဆိုင်ကယ်ပေါ်မှ လူပြုတ် ကျမှု ၁၃ မှု၊ ဆိုင်ကယ်မှ ဆိုက်ကားကို တိုက်မိမှု ၉ မှုရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ၃၁ မြို့နယ်တွင် ဆိုင်ကယ်အပိုပစ္စည်း မရောင်းချရန် ဆိုင်များကို မေတ္တာရပ်ခံ ထားသည်ဟုဆိုသည်။

Ref: Auto World

Author