Full article

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ် ဌာနတွင် အသုံးပြုသည့် တံဆိပ် တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိ နေသည့်အတွက် ထိရောက်စွာအ ရေးယူသွားမည် ဖြစ်ကြောင်း 'အမှတ် -၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး'မှ သတင်းရရှိသည်။ Policeကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုးလိုသည့် ယာဉ်များ၌ ပြစ်မှုမှတ်တမ်းများ ရှိ၊မရှိနှင့် ပြစ်မှုရှိပါက ဒဏ်ကြေးပေးဆောင် ပြီးစီးကြောင်း အထောက်အထားဖြစ်သည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ မှုခင်းစစ်ဌာနတွင် ရယူပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ယင်းထောက်ခံ ချက်ကို လာရောက်ရယူခြင်းမရှိဘဲ တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။ တံဆိပ်တုံးတွေ အတုပြုလုပ်တာတွေ ရှိနေတယ်လို့ သိရတယ်၊ ပိုင်ရှင်တွေ ကိုယ်တိုင်လုပ်တာလား၊ ကြားက ပွဲစားတွေပဲ လုပ်တာလား စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမှာပါ၊ ယာဉ်သက်တမ်းတိုးမယ်၊ အို/ ဟောင်းယာဉ် အပ်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီးမှ ဆောင်ရွက်ဖို့ လိုပါတယ်ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကဆို သည်။ လက်ရှိတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့အနေဖြင့် အဆိုပါ စာရွက် စာတမ်းနှင့် တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက်သည့် ကိစ္စရပ်များအား ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက် လျက်ရှိပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွား မည် ဖြစ်ကြောင်း သိရသည်။

Ref ; Automobile

Author