Full article

ရန်ကုန်မြို့တွင်းရှိ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲအင်အားမှာ အဆ လေးရာကျော်ခန့် ကွာခြားလျက်ရှိကြောင်း 'အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး'မှ ဒုရဲမှူးကြီး လင်းထွဋ် က ပြောကြားလိုက်သည်။

Ma-Hta-Tha

ယာဉ်အစီးရေပမာဏ၊ ယာဉ်ကြော ထိန်းသိမ်းရမှု အနေအထား နှင့် ယာဉ်ထိန်းရဲအင်အား ကွာခြားနေမှုကြောင့် ယာဉ်အစီးရေ ခြောက်ရာခန့်ကို ယာဉ်ထိန်းတစ်ဦးဖြင့်သာ စောင့်ကြည့် ထိန်းသိမ်းနေရသည့် အနေအထား ဖြစ်နေကြောင်း ၎င်းက ဖေဖော်ဝါရီ ၂ဝ ရက်က မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ် အစီးရေ သုံးသိန်းခွဲခန့် ရှိနေပြီး တာဝန် ထမ်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ ၈၅ဝ ခန့်သာရှိသဖြင့် ယာဉ်အရေ အတွက်နှင့် ယာဉ်ထိန်းရဲအင်အား နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှ အဆလေးရာကျော် ကွာခြားလျက်ရှိကြောင်း သိရသည်။"ဖွဲ့စည်းပုံအရ တခြားနှစ်တွေထက် ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အား ပိုပြီး ချထားပေးထားပေမဲ့ လက်ရှိမြေပြင်မှာတော့ လုံလောက် မှု မရှိသေးပါဘူး၊ အခုလောလောဆယ်တော့ ယာဉ်အစီးရေ ခြောက် ရာခန့်ကို ယာဉ်ထိန်းရဲ တစ်ဦးက စောင့်ကြည့်နေရတဲ့ အနေအထားမျိုးပါ"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှု များအား ထိန်းသိမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား နည်းပါးမှုကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ယာဉ်မတော်တဆမှုနှင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Ref : Automobile

Author