အသုံးမပြုတော့သည့် ယာဉ်အချက်ပြမီးပွိုင့်အဟောင်းများ ပြန်လည်ဖြုတ်သိမ်းမည်

0

Full article

ရန်ကုန်မြို့တွင် မော်တော်ယာဉ်များသွားလာမှုများအတွက် control center နှင့် မချိတ်ဆက်ထားသော အသုံးမပြုတော့သည့် ယာဉ်အချက်ပြမီးပွိုင့်အဟောင်းများကို ပြန်လည်ဖြုတ်သိမ်းသွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရန်ကုန်တိုင်းအတွင်း ယခင်က တပ်ဆင်ထားရှိသော ယာဉ်အချက်ပြ မီးပွိုင့် ၁၅၄ ခုရှိပြီး မကြာခင် စတင်အသုံးပြုတော့မည့် control centre စနစ်အတွက် digital မီးပွိုင့် အသစ်များတပ်ဆင်ထားကာ အသုံးမပြုတော့သည့် မီးပွိင့်အဟောင်းများ၊ တိုင်များကို ပြန်လည်ဖြတ်သိမ်းရန် လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

"control center က မီးပွိုင့် အသစ်တွေနဲ့ ချိတ်ဆက်အသုံးပြုတော့မှာဖြစ်လို့ အရင်က တပ်ထားတဲ့ မီးပွိုင့်အဟောင်း တွေကို ဖြုတ်သိမ်းဖို့လုပ်နေပါတယ်။ စည်ပင်ကပဲ မီးပွိုင့်တွေကို ဖြုတ်သိမ်းဖို့လုပ်မှာပါ။ မီးပွိုင့်အသစ်တွေက digital စနစ်နဲ့ အသုံးပြုထားပြီး အရေးပေါ်မီးပျက်တာကိုလည်း ချက်ခြင်း ပြန်ဖွင့်လို့ရပါတယ်။"ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိအရာရှိတစ်ဦးက ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူဖမ်းဆီးနိုင်ရန်အတွက် ဗဟိုထိန်းချူပ်ရေး control center မှ တစ်ဆင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ရာ control center ကို အမြန်ဆုံးပြီးဆီးနိုင်ရန် လုပ်ဆောင်နေလျှက်ရှိကြောင်းသိရသည်။

နောင်တွင် ယာဉ်အချက်ပြမီးပွိုင့်များရှိ အဆင့်မြင့် ကင်မရာများအသုံးပြု၍ ဖမ်းဆီးမှုများပြုလုပ်မည်ဖြစ်ပြီး ယာဉ်လိုင်စင်သက်တမ်းတိုးပြုလုပ်လျှင် ယာဉ်စည်းကမ်းဖောက်ဖျက် ကျူးလွန်ခဲ့သည့်ယာဉ်မှာ ဒဏ်ကြေးများစွာပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

L-01

Author