မီးပွိုင့်များတွင် တပ်ဆင်ထားသော ရောင်ပြန်အလင်းမီးများကြောင့် ယာဉ်အန္တာရာယ် ဖြစ်ပွားမှုရှိလာနိုင်၍ ဝေဖန်မှုများရှိနေ

0

Full article

ရန်ကုန်မြို့ယာဉ်အချက်ပြ မီးပွိုင့်များတွင် တပ်ဆင်ထားသော ရောင်ပြန်အလင်းမီး အလင်းစူးအားများကြောင့် ညအချိန် ယာဉ်မောင်းသူများ ယာဉ်အန္တာရာယ် ဖြစ်ပွားမှုရှိလာနိုင်၍ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း မော်တော်ကားမောင်းနှင်နေသူများက ဝေဖန်ပြောဆိုနေကြသည်။

"မီးပွိုင့်မှာ တပ်ထားတဲ့ မီးအလင်းစူးအားက ညဘက်ကားမောင်းတဲ့သူတွေ အဆင်မပြေဘူး။ အချိန်မရွေး ယာဉ်တိုက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ မီးပွိုင့်နေရာဆို ညဘက်က ပိုပြီးသတိထားမောင်းနေရတာ။ ယာဉ်ထိန်းမရှိဘဲ မီးပွိုင့်ကို ဖြတ်ဝင်လာတဲ့ကားတွေများတယ်။ မီးက အရမ်းစူးတော့ မျက်စိကို ပြာပြီး ဘာမှ သိပ်မမြင်ရတော့ဘူး။ ဒါတွေကို မသိတာလား မပြင်ဆင်နိုင်တာဘဲလားဆိုတာတော့ မသိဘူး။ အဲ့လောက်မီးအလင်းက စူးနေအောင် လုပ်ထားတာတော့ မဖြစ်သင့်ပါဘူး။"လို့ မော်တော်ကားမောင်းနှင်သူများက ဝေဖန်ပြောဆိုနေကြပါတယ်။

ယာဉ်အချက်ပြမီးပွိုင့်များရှိ control centre က ချိတ်ဆက်ကြည့်ရှူနိုင်သော ကင်မရာများမှ ရောင်ပြန်မီး အလင်းစူး များဖြစ်ပေါ်နေသော်လည်း ပြန်လည်ပြင်ဆင်ပေးခြင်းမရှိသေးဘဲ ညအချိန် ကားမောင်းသူများ၏ မျက်လုံးများကို အမြင်ရှူပ်ထွေးမှုများဖြစ်ပေါ်စေနိုင်ရာ ယာဉ်အန္တရာယ် ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်အချက်ပြ မီးပွိုင့် ၁၅၄ ခုဖြင့် ယာဉ်သွားလာမှုများကို ထိန်းချုပ်စောင့်ကြည့်မည့် control centre စနစ်လုပ်ဆောင်နေမှုကို ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထားရှိရာ ယနေ့အထိ မပြီး စီးသေးသည့်အတွက် တစ်ရက်ကို ဒဏ်ကြေး ၁သိန်းအား ပေးဆောင်နေရကြောင်း သိရသည်။
R-01

Author