မီးပွိုင့်စနစ်များ မှားယွင်းစွာ ပြသနေခြင်း ကြောင့်ယာဉ်တိုက်မှူဖြစ်နိုင်ခြေများနေ၍ အမြန်ဆုံးပြင်ဆင်သင့်

0

Full article

![width=300](/redline/content/images/2017/05/stop-light-300x225.jpg)

ရန်ကုန်မြို့တွင်းရှိ ယာဉ်အချက်ပြ မီးပွိုင့်စနစ်များ မှားယွင်းစွာ ပြသနေသောကြောင့် ယာဉ်တိုက်မှု နဲ့ ယာဉ်အန္တရာယ်ဖြစ်ပွားမှူပိုမိုများပြားလာနိုင်ခြေများနေရာ အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့ မော်တော်ကား မောင်းနှင်သူအများစုကပြောဆိုနေကြပါတယ်။ မီးပွိုင့်တွေဟာ အချက်ပြသည့် အခါ တစ်ပြိုင်နက်တည်း အစိမ်းများပေးထားခြင်း ၊ မီးနီများ တစ်ပြိုင်နက်တည်း ပေးထားခြင်းများဖြစ်ပေါ်နေပြီး အကွေ့ ယာဉ်ကြောများတွင်လည်း အချက်ပြမှုမှားယွင်းစွာ ပြသနေသောကြောင့် တစ်ဖက်ယာဉ်ကြောမှ ဝင်ရောက်လာသည့် ယာဉ်နှင့် အချိန်မရွေး ယာဉ်တိုက်မှူဖြစ်နိုင်ပါတယ်။ အချက်ပြတာ မမှန်ကန်ခြင်းတို့ကြောင့်လည်း လူးအများလမ်းကူးရာတွင် အန္တရာယ်ဖြစ်စေနိုင်တဲ့ အတွက် စနစ်အမှန်ကို အမြန်ဆုံး ပြင်ဆင်မှူတွေလုပ်ပေးသင့်ပါတယ်။လို့ ရန်ကုန်မြို့တွင်း အဌားယာဉ်မောင်းနှင်နေသူများကပြောကြပါတယ်။ လူစည်းကားရာနေရာများနဲ့ လမ်းဆုံနေရာများတွင် ကွေ့ကြောပေးထားသောလည်း တစ်ဖက်ယာဉ်ကြောမှ မီးပွိုင့် အချက်ပြမှူမှားယွင်းနေတဲ့အတွက် မော်တော်ယာဉ်မောင်းနှင်သူများ.အဆင်မပြေမှူများရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်အချက်ပြ မီးပွိုင့် ၁၅၄ ခုရှိနေပြီး မကြာခင် စတင်အသုံးပြုတော့မယ့် Control center စနစ်အတွက် မီးပွိုင့် အသစ်များတပ်ဆင်အသုံးပြုလုပ်ဆောင်နေရာ မီးပွိင့်အဟောင်းများကိုလည်း တစ်ပြိုင်နက်တည်း အသုံးပြုနေခြင်းများရှိနေတယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author