ရန်ကုန်မြို့ရှိ လမ်း ၇ လမ်းမှမီးပွိုင့် အချက်ပြစနစ်ကို ဗဟိုထိန်းချူ ပ်စနစ်ဖြင့် စတင်ထိန်းချူ ပ်မည်

0

Full article

ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး၇လမ်းက မီးပွိုင့်အချက်ပြစနစ်ကိုဗဟိုထိန်းချူ ပ်တဲ့စနစ်နဲ့ စတင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကသိရပါတယ်။

မီးပွိုင့်များကို ဗဟိုထိန်းချူ ပ်တဲ့စနစ်နဲ့ ထိန်းချူ ပ်သွားမည့်လမ်းများမှာ ကမ်းနားလမ်း၊ဘုရင့်နောင်လမ်း၊ကမာအးဘုရားလမ်း၊ပြည်လမ်း၊ဘားဂရာလမ်း၊ရွှေဂုံတိုင်လမ်းတို့မှာရှိတဲ့ မီးပွိုင့်တွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့မှာ မီးပွိုင့်အရေအတွက် ၁၅၄ ခုရှိရာ မကြာခင် ထိုမီးပွိုင့်များကို control center ကနေထိန်းချူ ပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာလကစပီး မီးပွိုင့်အနည်းငယ်ကို ဗဟိုထိန်းချူ ပ်တဲ့စနစ်နဲ့ စတင်စမ်းသပ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။စစချင်းလူသွားလာမှူနည်းတဲ့ ညဘက်အချိန်တွေမှာ စမ်းသပ်မှာပါ။နောက်ပိုင်း အချိန်တိုးပီးလုပ်သွားဖို့ရှိပါတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဗဟိုထိန်းချူ ပ်တဲ့စနစ်နဲ့ မီးပွိုင့်တွေကိုစမ်းသပ်နေတဲ့ကာလအတွင်း မီးပွိုင့်အဟောင်းများကိုလဲလှယ်အသုံးပြုသွားမှာမဟုတ်ပဲ စမ်းသပ်မှူအောင်မြင်ပြီးသွားရင် မီးပွိုင့်အသစ်များလဲလှယ်အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

မီးပွိုင့်တွေကို ထိန်းချူ ပ်ရန် control center တည်ဆောက်မှူမှာ အောက်တိုဘာလအတွင်း အပြီးလုပ်ဆောင်ရန်သတ်မှတ်ထားရာ မပြီးစီးသည့်အတွက် ဒဏ်ကြေး တစ်ရက်လျှင် ၁ သိန်းအရေးယူနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author