ယာဉ်အချက်ပြစနစ်ကို ထိန်းချုပ်သွားမည့် Control Center ကြီးကို နက္ခတ်တာယာပြတိုက်အနီးတွင်တည်ဆောက်နေလျက်ရှိပြီး မီးပွိုင့်များကို ထိန်းချုပ်ရာတွင် ဆင်ဆာ စနစ်အသုံးပြုသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ မီးပွိုင့်တွေကို ထိန်းချုပ်တဲ့စနစ်ဖြစ်တဲ့ Control Center က မကြာခင်တည်ဆောက်ပြီးစီးတော့မှာဖြစ်ပါတယ်။ အဲဒါတည်ဆောက်ပြီးစီးရင် ကားတွေ အချက်ပြမီးပွိုင့်တွေကို တစ်နေရာထဲကနေ ထိန်းချုပ်သွားမှာဖြစ်ပါတယ် ဟုယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မီးပွိုင့်များကို တပ်ဆင်ဆောက်လုပ်မှုနှင့် ထိန်းသိမ်းမှုကိစ္စများကို ရန်ကုန်မြို့တော်စည်ပင်သာယာမှ လုပ်ဆောင်နေလျက်ရှိပြီး ရန်ကုန်တွင် မီးပွိုင့်အရေအတွက် ၁၆ဝ ခုတပ်ဆင်ထားရှိကြောင်းသိရသည်။
ခေတ်သစ်