လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှုများသောကြောင့် မောင်းနှင်ချိန်ကြာမြင့်သဖြင့် အဌားယာဉ်မောင်းများက မီတာစနစ်ကို အသုံးပြုလိုသော်လည်း စီးနင်းသူများက ယာဉ်စီးခပိုမိုကျသင့်သဖြင့် မသုံးလိုကြောင်း ၄င်းကရှင်းပြသည်။
ဒေသတွင်း နိုင်ငံများတွင်လည်း taxi မီတာစနစ်ကို ကျင့်သုံးပြီး ထိုစနစ်ကို ပိုမိုနှစ်သက်သော်လည်း ယာဉ်ကြောကြောင့် စောင့်ရသည့်အချိန်များကိုပါ ထည့်သွင်းတွက်ချက်ပါက အဆင်မပြေနိုင်ကြောင်း ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်စိုးသန်းက ပြောကြားသည်။
"စနစ်ကို သေချာလုပ်နိုင်ရင် ကောင်းမယ်" ဟု၄င်းကဆိုသည်။
ဆောက်လုပ်လက်စ ခုံးကျော်တံတားများပြီးစီးပါက ယာဉ်ကြောရှင်းသွားသဖြင့် မောင်းနှင်ချိန်မကြာမြင့်တော့လျှင် မီတာစနစ်ဖြင့် ယာဉ်စီးခတောင်းခံပါက ယာဉ်စီးခလျော့နည်းရရှိမည် ဖြစ်သောကြောင့် ယာဉ်မောင်းများက အဆိုပါစနစ်ကို နှစ်သက်တော့မည် မဟုတ်ကြောင်း ဦးအောင်ဝင်းက ပြောသည်။
အဆိုပါခုံးကျော်တံတားများ ဆောက်လုပ်ပြီးပါက ရောင်နီဦး အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်း၏ ယာဉ်များကိုမီတာစနစ်သာ ကျင့်သုံးမည်ဟု ၄င်းကဆိုသည်။
"အခုခက်နေတာက CNG(သဘာဝဓါတ်ငွေ့)က taxi တိုင်းမရတာခက်တယ်။ CNG ကတစ်လုံး အပြည့်ဖြည့်မှ (ကျပ်)၃ဝဝဝ လောက်ပဲကျတာ။ဒီဇယ်၊ ဓါတ်ဆီက တစ်ဂါလန်ကို (၄ဝဝဝ)ရှိတယ်လေ"ဟု အဌားယာဉ်မောင်းတစ်ဦးကဆိုသည်။
CNG(သဘာဝဓါတ်ငွေ့)များ အဌားယာဉ်တိုင်းတွင် တပ်ဆင်ခွင့်ရရှိရန် အရေးကြီးသကဲ့သို့ မီတာစနစ်ကျင့်သုံးလျှင်လည်း မျှတသည့် နှုန်းများဖြစ်ရန်လိုကြောင်း အဆိုပါယာဉ်မောင်းက ပြောဆိုသည်။ ရာသက်ပန် အဌားယာဉ်(AA/BB)အဖြစ် ပြုလုပ်ရန် မော်တော်ကားများ တင်သွင်းရာတွင် တင်သွင်းသည့်ယာဉ်များကို တစ်ရောင်တည်း အသုံးပြုရန်၊ မီတာဖြင့် ယာဉ်စီးခကောက်ခံသည့် စနစ်ကျင့်သုံးရန်၊ ဖုန်းဆက်ခေါ်ယူနိုင်သည့် ဝန်ဆောင်မှုပေးရန် စသည့်အချက်များကို ပြုလုပ်မည်ဟု ရေးသားတင်ပြပြီး မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရကြောင်း ဦးအောင်ဝင်းကဆိုသည်။
The Voice Daily မှ ကူးယူဖော်ပြသည်။
Image Credits to arvindgrover