Full article

အမှတ်(၃) လမ်းဆုံနှင့် အောင်မင်္ဂလာဝင်းအတွင်း ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းရန်အတွက် အမှတ်(၃)လမ်းမကြီးအား ၁ဝ လမ်းသွား လမ်းမကြီးအဖြစ် ခင်းကျင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာကားဝင်း) မှ သတင်းရရှိသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း လမ်းသားချဲ့ထွင်မှုနှင့် လမ်းများတိုးချဲ့ခင်းကျင်းမှုတို့ကြောင့် ယာဉ်ဝင်၊ ယာဉ်ထွက် ကန့်သတ်မှုများရှိလာကာ ယာဉ်ကြောပိတ်ဆို့မှုများ ရှိလာပြီး အဝေးပြေးဝင်းအနီးရှိ သီရိရတနာ ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေးနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း စတင်ဖွင့်လှစ်ပါက ကုန်တင်ယာဉ်နှင့် အဝေးပြေးကားများ မြို့တွင်းခရီးသည်တင်ယာဉ်များ ဝင်ထွက်သွားလာမှုတို့ကြောင့် ပိုမိုဆိုးရွားလာနိုင်သဖြင့် အမှတ်(၃)လမ်းမကြီးအား ယာဉ်ကြောသွားလာမှုလွယ်ကူသည့် ၁ဝ လမ်းသွားကားလမ်းမကြီးအဖြစ် ခင်းကျင်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော၌ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအနီးရှိ ဓမ္မာရုံမှတ်တိုင်မှ သုဓမ္မာလမ်းမကြီးတစ်လျှောက် ခြောက်လမ်းသွားလမ်းမကြီးအဖြစ်ခင်းကျင်းခဲ့ပြီး ယခုအခါ ဓမ္မာရုံမှတ်တိုင်မှ အမှတ်(၃)လမ်းဆုံအထိ အမှတ်(၃)လမ်းမအား ၁ဝ လမ်းသွား လမ်းမအဖြစ် ခင်းကျင်းမည်ဖြစ်ကာ လက်ရှိတွင် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by ian munroe

Author