ယာဉ်သွားလာမှုများကို ထိန်းချူပ်သော Control Centre စနစ် ယနေ့ မှစ၍ လုပ်ငန်းများ ပြန်လည်စတင်သွားမည်

0

Full article

ရန်ကုန်မြို့ ယာဉ်သွားလာမှုများကို ထိန်းချူပ်စောင့်ကြည့်သော Control Centre စနစ်မှာ လုပ်ငန်းများရပ်ဆိုင်းထားရှိ၍ ယနေ့ စက်တင်ဘာလ ၁ဝ ရက်ကစပြီး လုပ်ငန်များပြန်လည် စတင်လုပ်ဆောင်သွားမှာဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့က သိရသည်။

ရန်ကုန်တိုင်းအတွင်း ယာဉ်သွားလာမှုများကို ဗဟိုထိန်းချူပ်ရေး Control Centre လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ အကြီးဆုံး CRCC ကုမ္ပဏီ နှင့် မြန်မာရွေယင်းကုမ္ပဏီတို့်မှ ယခင်အစိုးရအဖွဲ့နှင့် စာချူပ်ချူပ်ဆိုထားရှိပြီး မော်တော်ယာဉ်များသွားလာမှုများကို ဗဟိုထိန်းချုပ်ရေးစနစ်ဖြင့် တိုက်ရိုက်ထိန်းချုပ်စောင့်ကြည့်မည့် Control Centre စင်တာ စနစ် အား အကောင်အထည်ဖော်မှုကို ၂ဝ၁၆ ဩဂုတ်လတွင် ပြီးစီးရမည်ဟုသတ်မှတ်ထားရှိပြီးဖြစ်ကြောင်းသိရသည်။

"Control centre စနစ်ကနေ ထိန်းချူပ်တာကိုလုပ်နေတဲ့ လုပ်ငန်းတွေကရပ်ဆိုင်းသလောက်ဖြစ်နေလို့ စက်တင်ဘာလ ၁ဝ ရက်ကစပြီး Control centre နဲ့ပက်သက်တဲ့ လိုအပ်တဲ့ အပိုင်းတွေကို ပြုပြင်ပြင်ဆင်တာတွေပြန်လည်လုပ်သွားမှာပါ။ အောက်တိုဘာလကုန်မှာControl cemtre စနစ်ကို အပြီးလုပ်ဆောင်ဖို့ လျှာထားပါတယ်။"ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက သိရပါသည်။

ရန်ကုန်မြို့တွင် သွားလာနေသော မော်တော်ယာဉ်များကိုထိန်းချူပ်စောင့်ကြည့်မှုများ ပြုလုပ်ရန်Myanmar Shwe Ying INT'L ကုမ္ပဏီ လီမိတက်မှ တာဝန်ယူလုပ်ဆောင်နေရာ ခေတ်မီမီးပွိုင့်များထိန်းချုပ်ရေးစင်တာကို ပြည်သူ့ရင်ပြင်ရှိ နက္ခတ်တာရာပြခန်းအနီးတွင် တည်ဆောက်က်ထားရှိခဲ့ကြောင်းသိရသည်။

Author