ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို စောင့်ကြည့်ထိန်းချုပ်သွားမယ့် control center ကို နိုဝင်ဘာလအပြီး တည်ဆောက်ရန်သတ်မှတ်

0

Full article

ရန်ကုန်မြို့အတွင်း သွားလာနေသော မော်တော်ကားများစည်းကမ်းဖောက်ဖျက်မှုတွေကို စောင့်ကြည့်ထိန်းချုပ်မယ့် control center ကို နိုဝင်ဘာလ အပြီးတည်ဆောက်သွားရန် သတ်မှတ်ထားတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကပြောကြားပါတယ်။ ထိုထိန်းချုပ်စင်တာမှတစ်ဆင့် အချက်ပြမီးပွိုင့်များချိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်ရာ မီးပွိုင့် ၁၅၄ ခုတွင် ဆင်ဆာစနစ်တပ်ဆင်နေလျှက်ရှိတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။

ယာဉ်အချက်ပြမီးပွိုင့်များအား ထိန်းချုပ်စင်တာမှ တဆင့်သာပြုလုပ်မည်ဖြစ်ရာ မီးပွိုင့်များမှာလည်း CCTV စောင့်ကြပ်ကင်မရာတွေ ဒရုန်းတွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။
အခုလက်ရှိ ထိန်းချူ ပ်စင်တာလုပ်နေတာက အဆောက်အဦးနဲ့ ပစ္စည်းတွေတပ်ဆင်တာ တော်တော်လေးပြီးနေပါပီ။သတ်မှတ်ရက်မတိုင်ခင် မပြီးစီးရင် ဒဏ်ကြေး ၁ သိန်း သတ်မှတ်ထားပါတယ်။နိုဝင်ဘာလမှာအပြီးတည်ဆောက်ဖို့သတ်မှတ်ထားပါတယ်။ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောကြားထားသည်။ထိန်းချူ ပ်စင်တာတည်ဆောက်ရန် ကုမ္ပဏီနဲ့ချိတ်ဆက် စာချူ ပ်ချူ ပ်ဆိုရာတွင် ၆ လအတွင်းအပီးတည်ဆောက်ရမည်ဖြစ်သော်လည်း သတ်မှတ်ထားတဲ့အချိန်ကျော်လွန်နေပီဖြစ်တယ်လို့ သိရပါတယ်။ခေတ်သစ်

Author