အဝိုင်းပတ်နေရာများတွင် control center မှ ယာဉ်သွားလာမှုများကို ထိန်းချုပ်မှုလုပ်ဆောင်မည်

0

Full article

အဝိုင်းပတ်နေရာများတွင် ယာဉ်အချက်ပြ မီးပွိုင့်များနှင့် ချိတ်ဆက်၍ control centre မှ ယာဉ်သွားလာမှုများကို ထိန်း ချုပ်မှုများ လုပ်ဆောင်မှာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်သွားလာသည့် အဝိုင်းပတ်စနစ် ၃ ခုရှိရာ မီးပွိုင့်များ တပ်ဆင်ထားရှိသော်လည်း စမ်းသပ်နေဆဲအဆင့်သာ ပြုလုပ်၍ရနေပြီး ထိုမီးပွိုင့်များမှ ယာဉ်အချက်ပြသည့် စနစ်ကို ဗဟိုထိန်းချူပ်ရေး control centre ကနေတစ်ဆင့် လုပ်ဆောင်သွားရန်ရှိသည်ဟု သိရပါသည်။

"မီးပွိုင့် ၁၅၄ ခုထဲမှာ အဝိုင်းမှာရှိတဲ့ အချက်ပြမီးပွိုင့်တွေလည်းပါတယ်။ အခုက စမ်းသပ်တဲ့ကာလပဲရှိသေးလို့ မလုပ်နိုင်သေးတာပါ။ နောက်ပိုင်းမှာ အဝိုးပတ်စနစ်တွေမှာ ယာဉ်သွားလာမှုတွေကို အချက်မီးပွိုင့်တွေနဲ့ လုပ်ဆောင်သွားမှာပါ။ "လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း မော်တော် ယာဉ်သွားလာမှုများကို အချက်ပြသည့် မီးပွိုင့် ၁၅၄ ခုရှိရာ အဝိုးပတ်စနစ်မီးပွိုင့်များလည်း ထိုထဲတွင် ပါဝင်ပြီး အချက်ပြစနစ်များသည် စမ်းသပ်လုပ်ဆောင်နေသည့်အဆင့်သာ ရှိနေသည်ဟု သိရသည်။

ယာဉ်သွားလာမှုများ ထိန်းချူပ်စောင့်ကြည့်မည့် control centre စနစ်လုပ်ဆောင်နေမှုကို ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပြီးလုပ်ဆောင်ရမည်ဟု သတ်မှတ်ထားရှိသော်လည်း အချိန်အားဖြင့် ၁ နှစ် ကြာမြင့်နေပြီး သတ်မှတ်ချိန်အထိ မပြီးစီး၍ စာချူပ်ချူပ်ဆိုထားသောကုမ္ပဏီမှ တစ်ရက်ကို ဒဏ်ကြေး ၁သိန်း ပေးဆောင်နေရသည်ဟု သိရသည်။

Author