Full article

တိုယိုတာမော်တော်ကား လုပ်ငန်းကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ပထမဦးဆုံး အရောင်းပြခန်းကို မတ်လတွင် ဖွင့်လှစ်သွားရန် မျှော်မှန်းထား ကြောင်း ပြည်တွင်းသတင်းအရင်းအမြစ်များ၏ ပြေကြားချက်အရ သိရသည်။

Toyota-Full-Logo

တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာအမှတ်တံဆိပ် တပတ်ရစ်မော်တော်ကားများ တင်သွင်းမှုတိုးတတ်လာမှုအား အထောက်အကူပြုနိုင်ရန်အတွက် ဆောင် ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကား အရောင်းပြခန်းမရှိသေးဘဲ ဝန်ဆောင်မှုလုပ်ငန်းများသာ ရှိနေသည်။ လွန်ခဲ့သည့်နှစ်တွင် ဂျပန် နိုင်ငံမှ တင်သွင်းခဲ့သည့် မော်တော်ကားများ၏ ၉ဝ ရာခိုင်နှုန်း ဝန်းကျင်မှာ တစ်ပတ်ရစ်ကားများဖြစ်ပြီး အများစုမှာ တိုယိုတာကားများ ဖြစ်ကြောင်းလည်း သိရသည်။ တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာကားအမျိုးအစား မော်ဒယ်များစွာကို ရောင်းချသွားမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားအရွယ်ရှိ ခရီးသည်တင်ကား များ၊ ဟိုင်းလပ်ပစ်ကပ်ကားများလည်း ပါဝင်ကြောင်း သိရသည်။

Ref : Myanmar Business Today

Author