အမေရိကန်ဒေါ်လာ (၅၂.၆)သန်း ရင်းနှီးမြှပ်နှံပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးတော့မည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှ တိုယိုတာမော်တာ စက်ရုံအသစ်

0

Full article

မြန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဂျပန် မော်တာ ကော်ပရေးရှင်းဖြစ်တဲ့ Toyota Motor Corp. ဟာ မြန်မာနိုင်ငံမှာ မော်တော်ကားစက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း တိုယိုတာမော်တော်ကော်ပိုရေးရှင်းရန်ကုန်ရုံးရဲ့ အမှုဆောင်ကိုယ်စားလှယ်ချုပ်ဖြစ်သူ Mr. Yoshihisa Tonozuka မှ အတည်ပြုပြောကြားလိုက်ပါသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ဝယ်လိုအားမှာ နှစ်အနည်းငယ်အတွင်း အံ့မခမ်းဖွယ်ရာ တိုးတက်လျှက်ရှိရာ ၂ဝ၁၈ ခုနှစ် ဈေးကွက်အချက်အလက်များအရ စီးရေ (၁၈,ဝဝဝ)ခန့် ရှိခဲ့ပြီး ယင်းမှာလွန်ခဲ့သောနှစ်ကာလကထက် ၂.၁ ဆ ကျော်ရှိပါသည်။


ယခုလက်ရှိအချိန်တွင် မြန်မာပြည်အတွင်း Toyota Hilux, Vios, Rush နှင့် အခြားအမျိုးအစားယာဉ်များတင်သွင်း ရောင်းချလျှက်ရာ ပြည်တွင်းဝယ်လိုအားမှာ ကျေနပ်ဖွယ်ရာ မြင့်တက်လျက်ရှိသောကြောင့် မြန်မာ့မော်တော်ယာဉ် ဈေးကွက်တွင် တိုယိုတာမော်တာကော်ပိုရေးရှင်းအနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာ ကုမ္ပဏီလီမီတက် (Toyota Myanmar Co., Ltd, TMY) ကိုဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစား မော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းကိုလည်း Mr. Yoshihisa Tonozuka မှ ဆက်လက်ပြောကြားခဲ့ပါသည်။


တိုယိုတာမြန်မာ (TMY) စက်ရုံအား နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်တည်ရှိသော သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်သွားမည် ဖြစ်ရာ ရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၂.၆)သန်း ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး လုပ်သားအင်အား (၁၃ဝ) ခန့်အပ် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ကြောင်းသိရပါသည်။
ကုန်ထုတ်လုပ်ငန်းများကိုလည်း၂ဝ၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စတင်ကာ တစ်နှစ်လျှင် Toyota Hilux စီးရေ (၂,၅ဝဝ) အား SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် သွားရန် ရည်ရွယ်ထား ပြီး မြန်မာဈေးကွက်အတွင်းမှ စားသုံးသူများ၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များအား ဆက်လက်တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက်လည်းကောင်း၊ မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း၊ တိုယိုတာမော်တော်ယာဉ်များ ပြည်တွင်းထုတ်လုပ်မှုမှတစ်ဆင့် ထုတ်လုပ်မှုနည်းပညာ တတ်ကျွမ်းသော လူသားအရင်းအမြစ်စွမ်းရည် ဖွံဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း တိုယိုတာမှ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်ဟု Mr. Yoshihisa Tonozuka မှပြောကြားသွားခဲ့ပါသည်။

Source : Toyota Myanmar

Author