Full article

တိုယိုတာ ကုမ္ပဏီကကား အစင်းရေ ၆ သန်းခွဲ နီးပါးကို လုံခြုံရေး စိတ်မချရလို့ ကားတွေ ပြန်အပ်ပေးဖို့ ကြေညာလိုက်ပါတယ်။

Toyota-Logo

အဲဒီလို ပြန်ပြန်သိမ်းရတဲ့ ကားတွေထဲ အခုအကြိမ်က အရေအတွက် အများဆုံး ဖြစ်ပါတယ်။ ပြန်အပ်ရမယ့် ကားတွေက Yuris, Urban Cruiser, RAV4 နဲ့ Hilux Model ကားတွေဖြစ်ပြီး ကားတိုက်မိရင် လေအိတ်မပွင့်တာ အပါအဝင် စတီယာရင် မကောင်းတာ၊ ထိုင်ခုံ မကောင်းတာစတဲ့ ချိုယွင်းချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အခုလို ဖြစ်ခဲ့တဲ့ ချို့ယွင်းချက်တွေကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သူတွေ၊ သေဆုံးခဲ့ရတဲ့သူတွေတော့ မရှိဘူးလို့ တိုယိုတာကုမ္ပဏီက ပြောပါတယ်။

Ref : thithtoolwin.com

Author