Full article

MyanmarCarsDB – Yangon – 10 October 2012

အာရှအကြီးဆုံး ကားကုမ္ပဏီ Toyota သည် စက်ချို့ယွင်းမှုတစ်ချက်ဖြင့် မီးဘေးအန္တရာယ်ရှိနိုင်သောကြောင့် မေ ၂ဝဝ၅ နောက်ပိုင်းထုတ်လုပ်ထားသော ၎င်း၏ ကားအရေအတွက် စုစုပေါင်း ၇.၄၃ သန်းခန့်ကို နီးစပ်ရာ Authorized Dealer တွင်သွားရောက်အပ်နှံကာပြုပြင်မှုခံယူရန်ကြေငြာလိုက်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင်ထုတ်လုပ်ထားသော မော်ဒယ်ပေါင်း ၁၄မျိုးခန့် လက်ရှိပြဿနာတွင် ပါဝင်ပတ်သက်သည်ဟုကြားသိရပါသည်။

ပြဿနာအသေးစိတ်ဖြစ်ပုံမှာ Power Window Switch ကို ကြပ်နေသည်ဟု ထင်ကာ ကွာလတီမကောင်းသည့် ချောဆီများ ထည့်ပါက ဝိုင်ယာရှော့ဖြစ် ခလုတ်များမှ မီးခိုးထွက်ကာ မီးလောင်နိုင်သော အန္တရာယ်ရှိနိုင်သည့်အခြေအနေကြောင့်ပါ။ လက်ရှိတွင် အသက်အန္တရာယ်အသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှု တစ်ခုမှ မဖြစ်သေးသော်လည်း ဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ပြန်လည် ပြင်ဆင်ပေးရန်စီစဉ်ခြင်းဖြစ်သည်ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။ ဒီအန္တရာယ်ဖြစ်နိုင်သည့်ကားမော်ဒယ်များမှာ –

(ဂျပန်တွင်ထုတ်/ရောင်းထားသော)

Vitz – 2006 to 2008 Models

(ကမ္ဘာတစ်ဝှမ်းရောင်းထားသော)

Yaris, Vios, Corolla, Matrix, Auris, Camry, RAV4, Highlander, Tundra, Sequoia, xB and xD produced between 2005 and 2010

(US နဲ့ ကနေဒါတွင်ရောင်းထားသော)

2007 to 2008 Yaris (approx. 110,300)

o 2007 to 2009 RAV4 (approx. 336,400)

o 2007 to 2009 Tundra (approx. 337,100)

o 2007 to 2009 Camry (approx. 938,100)

o 2007 to 2009 Camry Hybrid (approx. 116,800)

o 2008 to 2009 Scion xD (approx. 34,400)

o 2008 to 2009 Scion xA (approx. 77,500)

o 2008 to 2009 Sequoia (approx. 38,500)

o 2008 Highlander (approx. 135,400)

o 2008 Highlander Hybrid (approx. 23,200)

o 2009 Corolla (approx. 270,900)

ယခုအစီအစဉ်ကြောင့် အမေရိကန်နိုင်ငံတွင်ရောင်းထားသည့် ကား ၂.၄၇ သန်း၊ တရုတ်နိုင်ငံတွင်ရောင်းထားသည့် ၁.၄သန်း၊ ဥရောပမှာရှိသည့် ၁.၃၉သန်း၊ အာရှနဲ့သြစတေးလျရှိ ကား ၆၅ဝဝဝဝ၊ အရှေ့အလယ်ပိုင်းရှိ ၄၉ဝဝဝဝ၊ ကနေဒါတွင်ရောင်းချထားသည့် ၂၄ဝဝဝဝ၊ စင်္ကာပူတွင်ဖြန့်ချီသည့် ကား ၁၅ဝဝဝ ခန့် အထက်ပါဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် နီးစပ်ရာတိုယိုတာ Authorized Repair Shop တွင်လာရောက်ပြုပြင်ရန် ကြေငြာထားပါသည်။ ပြုပြင်ပေးသည့်အချိန်မှာ မိနစ်၄ဝခန့်သာကြာမည်ဖြစ်သည်ဟုလည်းသိရှိရပါသည်။

article-2215563-156EC056000005DC-467_634x524-500x413

ယခုလို စက်ချို့ယွင်းမှုကြောင့် ပြန်လည်လက်ခံပြုပြင်ပေးသည့်ကားအရေအတွက်သည် ၁၆နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် အများဆုံး စံချိန်ဖြစ်သည်။ (နောက်ဆုံးယခုလို ပြန်လည်ခေါ်ယူပြုပြင်ခြင်း ကို Ford ကုမ္ပဏီက ၁၉၉၆က ကားအရေအတွက် ၇.၉သန်းဖြင့် စံချိန်တင်ထားခဲ့တာပါ။) ယင်းကဲ့သို့ များပြားသည့်အရေအတွက်ကြောင့် တိုယိုတာကုမ္ပဏီ၏ စတော့တန်ဖိုးများ ၂%ခန့်ထိုးကျသွားခဲ့ပါသည်။

ပြည်တွင်းရှိ မိတ်ဆွေတို့အနေဖြင့် နီးစပ်ရာတိုယိုတာ ဆားဗစ်စင်တာအလွယ်တကူမရှိသည့်အတွက် ပြန်လည်အပ်နှံပြုပြင်ရန်ခက်ခဲမည်ထင်ပါသည်။ ဘာမှစိုးရိမ်စရာမရှိသေးသော်လည်း သတိတော့ထားစေရန်တိုက်တွန်းအပ်ပါသည်။ အောက်ပါ Comments Box တွင်လည်း အကြံပြုချက်ထားခဲ့နိုင်ပါသည်။ ကျွန်တော်တို့ နှစ်ပေါင်းများစွာအိုမင်းနေတဲ့ကားတွေသာစီးလာခဲ့တဲ့အတွက် ဒီလိုအန္တရာယ်မျိုးတွေတော့ မမှုလောက်ဘူးထင်သော်ငြားလည်း သတိထားလျှင်တော့ မမှားနိုင်ဘူးဟု အသိပေးအပ်ပါသည်။

Via: PRNewsWire/Bloomberg

Author