တိုယိုတာက ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ရန် မော်တော်ယာဉ်အသင်းနှင့် ဆွေးနွေး

0

Full article

ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီ တိုယိုတာ (Toyota Motor Corporation) က ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်နိုင်ရန် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ်နှင့် ဆွေးနွေးနေကြောင်း အဆိုပါအသင်းချုပ်ထံမှ သိရသည်.။

သို့သော် ပြည်တွင်း၌ မော်တော်ယာဉ်မူဝါဒနှင့် ပတ်သက်၍ တိတိကျကျချမှတ်ထားနိုင်ခြင်း မရှိခြင်းကြောင့် ၎င်းတို့က လက်တွန့်နေကြောင်း အဆိုပါအသင်းချုပ်ထံမှ သိရသည်.။

"ဘာမူဝါဒမှ ချမှတ်ထားနိုင်ခြင်းမရှိဘဲ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းနေတဲ့ မူဝါဒတွေကြောင့် ပြည်ပကားကုမ္ပဏီ တော်တော်များများက လက်တွန့်နေကြတယ်.။ တိုယိုတာအပြင် ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့ ပြည်ပကုမ္ပဏီတွေရှိပါတယ်" ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်.။

လတ်တလော မလေးရှားနိုင်ငံ အခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီ Proton နှင့်လည်း ဆွေးနွေးထားကြောင်း ၎င်းကပြောကြားသည်.။

မော်တော်ယာဉ်မူဝါဒ (Automobile Policy) ကို မော်တော်ယာဉ်အသင်းချုပ်အပါအဝင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မော်တော်ယာဉ်လုပ်ငန်းရှင်များက ပူးပေါင်းရေးဆွဲလျက်ရှိပြီး ၉ဝ ရာခိုင်နှုန်းကျော်အထိ ပြီးစီးပြီးဖြစ်ကာ ယခုလအတွင်း အပြီးသတ်မည်ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်.။

လက်ရှိတွင် ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်လျှက်ရှိသော ပြည်ပမော်တော်ယာဉ်စက်ရုံ အနည်းငယ်ရှိသော်လည်း ယင်းစက်ရုံများက ပြောပလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ဂျပန်မော်တော်ယာဉ်ကုမ္ပဏီ နစ်ဆန်း (Nissan) ကလည်း မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံတစ်ခု တည်ဆောက်လျှက်ရှိသည်.။

Source: September 18.2015 ထုတ် The Voice မှ

www.carsdb.com

No. 1 Car Site in Myanmar

Author