Toyota Majesty အသစ် ကိုစတင်မိတ်ဆက်ခြင်း

0

Full article

Toyota Myanmar မှနေပြီး ဝယ်ယူသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထိပ်တန်းအရည်အသွေးရှိတဲ့ နည်းပညာမြင့် ဘက်စုံသုံး Toyota Majesty ကားသစ်ကို ဒီကနေ့ ၁၆ ရက်၊ စက်တင်ဘာလ၊ ၂၀၁၉  ခုနှစ်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

Majesty အသစ်ဟာ အပြင်ပိုင်းပုံစံအရဆိုရင် ကြီးမားတဲ့ grille ၊ semi bonnet ခေါင်းရှည်ပုံစံ၊ အရှေ့၊ နေ့ထွန်း၊ နှင်းခွဲ LED မီးတွေ၊ အနောက် ပေါင်းစပ် LED မီးတွေ၊ 17-inch အလွိုင်းခွေနဲ့ ထွက်ရှိလာတာပါ။ တံခါးနှစ်ဖက်စလုံးမှာလည်း auto ဆွဲတံခါးတွေတပ်ဆင်ပေးထားတယ်လို့ဆိုပါတယ်။

အတွင်းခန်းကိုကြည့်မယ်ဆိုရင်တော့ သစ်သားနဲ့သတ္ထု ပေါင်းစပ်အလှဆင်ထားတဲ့ ဘောင်များ၊ automatic climate-control x 2 ၊ သစ်သားဖြင့်အလှဆင်ထားတဲ့ steering ၊ smartphone လိုမျိုး လုပ်ဆောင်ချက်များလုပ်ဆောင်နိုင်တဲ့ 7-inch infotainment စနစ်တွေပါဝင်တာတွေ့ရပါတယ်။ ထိုင်ခုံအနေနဲ့ကတော့ လူဆယ်ယောက်စီးနင်းနိုင်တဲ့ကားတစ်စီးဖြစ်ပြီး တစ်ယောက်ထိုင် ထိုင်ခုံ ၄ ခုံ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ အရှေ့အလယ်နဲ့ နောက်ဆုံးခုံတန်းတွေကိုလည်း လိုအပ်ပါက ခေါက်ထားနိုင်တာကိုတွေ့ရတဲ့အတွက် ပစ္စည်းပစ္စယများများစားစား ထည့်သွင်းချင်ရင်လည်း ထည့်သွင်းနိုင်မယ့် ကားအမျိုးအစားပါ။

အင်ဂျင်ပိုင်းအနေနဲ့ကတော့ 2.8-litre GD အင်ဂျင်ကိုအသုံးပြုပေးထားပြီး အမြင့်ဆုံး ပါဝါထုတ်လွှတ်မှုအနေနဲ့ 154hp 3,600rpm နဲ့ Torque ကတော့ 420Nm/1,600-2,200rpm ရရှိမှာဖြစ်ပါတယ်။ 6-speed automatic transmission နှင့်ဖြစ်တဲ့အတွက် ဂီယာအကူးအပြောင်းညက်ညောမှာပါ။ အရှေ့ suspension ပိုင်းကို MacPherson Strut အသုံးပြုပေးထားပြီး အနောက်မှာတော့ four-link coil spring ကိုတပ်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ အနည်းဆုံး ချိုးကွေ့နိုင်တဲ့ အချင်းဝက်ကတော့ 5.5m အထိရှိပါတယ်။

Safety ပိုင်းအနေနဲ့ကတော့ ယာဉ်တိုက်မှု ကြိုတင်ကာကွယ်စနစ် (PCS*) အတွက် မီလီလီတာ ရေဒါလှိုင်းများနဲ့ တခြားယာဉ်တွေကို တွေ့ရှိသတိပေးနိုင်တဲ့ အထူးကင်မရာတွေတပ်ဆင်ထားခြင်း၊ lane departure assist ၊ ဆင်ဆာများမှတစ်ဆင့် အရှေ့မီးကြီး အနိမ့်အမြင့်ကို အလိုအလျောက်ပြောင်းလဲနိုင်တဲ့ AHB စနစ်၊ ကားမောင်းနှင်စဉ်အတွင်း အရှေ့ကားနဲ့အကွာအဝေးအပေါ်မူတည်ကာ စိတ်ချရတဲ့ မြန်နှုန်းအတိုင်း အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့ DRCC စနစ်၊ ယာဉ်တည်ငြိမ်မှုထိန်းချုပ်စနစ် (VSC)၊ ABS ဘရိတ်စနစ်၊ တောင်တက်အကူ HAC စနစ်၊ လမ်းညွှန်ချက်များပါဝင်တဲ့ အနောက် monitor အပါအဝင် လေအိတ် ဆယ်လုံးတပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။

ALL-NEW TOYOTA MAJESTY ရဲ့ဈေးနှုန်းကတော့ $58,300 မှစတင်မှာဖြစ်ပြီး ကိုယ်ထည်အရောင် ငါးရောင်၊ အတွင်းခုံအရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ၁၆ စက်တင်ဘာ ၂၀၁၉  မှစတင်ကာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ရန်ကုန်မှာဆိုရင် Toyota Aye and Sons နဲ့  Toyota Mingalar ၊ မန္တလေးမှာဆိုရင်တော့ GW Lion စတဲ့ Toyota အရောင်းကိုယ်စားလှယ်တွေကနေတစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Toyota Majesty အသစ်ကို လေ့လာလိုသူများအတွက် Toyota Mingalar မှနေပြီး စက်တင်ဘာလ ၁၈ နဲ့ ၂၀ ရက်တွေမှာ Junction City (Yangon) ၊ Toyota Aye and Sons မှနေပြီး စက်တင်ဘာလ ၂၀ နဲ့ ၂၂ ရက်တွေမှာ Junction Square (Yangon) နဲ့ Toyota GW Lion ကနေပြီး စက်တင်ဘာလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ တိုယိုတာ GW Lion Showroom (Mandalay) တွေမှာ အရောင်းပြပွဲအနေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်။

Author

Comments