Toyota Motor Corporation မှ ၁၃ ကြိမ်မြောက် တိုယိုတာ စိတ်ကူးအိမ်မက် ကားအနုပညာပြိုင်ပွဲကို ကျင်းပပြုလုပ်မည်

0

Full article

Toyota Motor Corporation မှ ၁၃ ကြိမ်မြောက် တိုယိုတာ စိတ်ကူးအိမ်မက် ကားအနုပညာပြိုင်ပွဲ ဖွင့် ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် Juction City မှာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကလေးများ၏ စိတ်ကူးအိမ်မက်ကားများကို ရုပ်ပုံရေးဆွဲခြင်းဖြင့် အနာဂတ်ရွေ့လျားသွားလာမှုဆိုင်ရာ သူတို့၏ အတွေးအမြင်များကို မျှဝေနိုင်ရန်အတွက် ဖိတ်ကြားဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁ဝ ၂ဝ၁၉  အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံအဆင့် ဆုရရှိသူ ၉  ဦးအတွက် ချီးမြှင့်မည့်ဆုများမှာ ပထမဆုအတွက် Nintendo Switch, ဒုတိယဆုအတွက် Lenovo TAB 48 နှင့် တတိယဆုအတွက် Instax Mini 9 တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအဆင့်ဆုရရှိသူများ၏ လက်ရာများကို ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ တင်သွင်းသွားမည်ဖြစ်ပြီး  ကမ္ဘာ့အ ဆင့်ပြိုင်ပွဲတွင် ဆုရရှိသည့် ဆုရကလေးငယ်များသည် ယင်းတို့၏ အုပ်ထိန်းသူ တစ်ဦးနှင့်အတူ ဂျပန် နိုင်ငံတွင် ပြုလုပ်မည့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဖိတ်ကြားခံရမည်ဖြစ်ကြောင်း သိရသည်။

Business

Author