Toyota က Grab လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြုပ်နှံ

0

Full article

Toyota ကားကုမဏီသည် Grab တွင် ကန်ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြုပ်နှံသွာ းမည်ဖြစ်ကြောင်း သိရသည်။ အပြန်အလှန်အားဖြင့် Toyota က Grab ၏ အမှုဆောင်ဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ရရှိမည်ဖြစ်သည်။

"အရှေ့တောင်အာရှရဲ့ မြို့တော်ကြီးများတွင် ယာဉ်ကြောကြပ်ခြင်းကို လျော့ချပေးနိုင်တဲ့ လမ်းပမ်း ဆက်သွယ်ရေး ကွန်ယက်များ ဖန်တီးနိုင်ရန် ရင်းနှီးမြုပ်နှံသူအသစ်နဲ့ လက်တွဲအလုပ်လုပ် ခြင်းဖြစ်တယ်" လို့ Grab လုပ်ငန်းက ဆိုသည်။

သုံးစွဲသူ အခြေပြု အာမခံ၊ ဘဏ္ဍာရေးဝန်ဆောင်မှုအမျိုးအစားအသစ်များနှင့် မော်တော်ယာဉ် ထိန်းသိမ်းပြုပြင်မှု များပြုလုပ်ပေးသည့် Toyota လမ်းပမ်းဆက်သွယ် ရေး ဝန်ဆောင်မှုပလက်ဖောင်း (MSPF)နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

"Grabနဲ့အတူ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်များအ တွက်ပိုမို လုံခြုံပြီး၊ စွဲဆောင်မှုရှိသော ဝန်ဆောင်မှုများကို ဖော်ဆောင်သွားမှာဖြစ်တယ်" ဟု Toyota အမှုဆောင် ဒုတိယ ဥကဋ္ဌ Shigeki Tomoyama က ဆိုသည်။

Grab သည် ၂ဝ၁၈ မတ်လကလည်း ယင်း၏ ပြိုင်ဘက် Uber နှင့် ပူးပေါင်းကာ Uber ၏ လုပ်ငန်းများ အားလုံးကို လုပ်ကိုင်ခွင့်ရခဲ့ပြီး အပြန်အလှန်အားဖြင့် Uber က Grab ၏ ရှယ်ယာ ၂၇.၅ ပိုင်ဆိုင် ခဲ့သည်။

Business
International Business
The Japan News

Author