Full article

ဂျပန်ကားကုမ္ပဏီကြီးToyota သည် ၁၉၉၇ ခုနှစ်မှစပြီး ယခုအချိန်အထိ Gaia friendly Prius hyrbirds ကားပေါင်း လေးသန်းကျော်ကို တစ်ကမ္ဘာလုံးသို့ ရောင်းချပြီးဖြစ်ပါတယ်။

Cameron Diaz, Jukia Roberts, Natalie Portman, Tom Hanks, Lenonardo Di Caprio စတဲ့ နာမည်ကျော် မင်းသား၊ မင်းသမီးတွေဟာ အဲဒီ Prius Hyrbid ကားအမျိုးအစားပိုင်ဆိုင်သူများ စာရင်းထဲမှာ ပါကြတယ်။ Prius Hyrbid ကားကို ပိုင်ဆိုင်သူ အကျော်အမော်များကလည်း ဟောလိဝုဒ် ရဲ့ Ethical အကျဆုံး ပြယုဂ် celebrity ဆိုပြီး တင်စားနေကြပါတယ်။ ကောလဟလအဖြစ်ထွက်ပေါ်နေတာကတော့ တိုက်တန်းနစ် မင်းသားဟာ Prius Hybrid ကားငါးစီးတောင် ပိုင်ဆိုင်တယ် ဆိုတာပါပဲ။

prius_cars-459x500

တရားဝင် စာရင်းဇယားများအရတော့ တိုယိုတာ ကုမ္ဗဏီဟာ ၂ဝ၁၂ ခုနှစ်ရဲ့ ပထမ(၄)လ အတွင်းမှာပဲ hybrid ကားပေါင်း ၄၂၅ဝဝဝ စီးကိုရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ တိုယိုတာ ကုမ္ဗဏီရဲ့ တစ်ကမ္ဘာလုံးရောင်းတမ်းရဲ့ ၁၅ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ Toyota ဟာ ယခုလက်ရှိ နိုင်ငံပေါင်း ၈ဝ ကျော်မှာ hybrid ကားပေါင်း ၁၉ စီးရောင်းပြီးပါပြီ။ ပထမကားတစ်သန်းရောင်းဖို့ ဆယ်နှစ်တောင် အချိန်ယူခဲ့ရပေမဲ့ ယခုအခါလူကြိုက်များ အားပေးမှုကြောင့် Toyota ဟာ Prius Hyrbid ကားပေါင်း သုံးသန်းကျော်ကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာပဲ ရောင်းချနိုင်ခဲ့ပါတယ်။

မိတ်ဆွေတို့လည်း ပတ်ဝန်းကျင်ကိုထိန်းသိမ်း၊ မင်းသားမင်းသမီးတွေစီးတဲ့ကားဆိုပြီး ကြွားလို့ရအောင် Hybrid ကားတွေပဲ စီးကြဖို့ တိုက်တွန်းပါတယ်။ Honda Insight နဲ့ Prius နဲ့ ဘယ်ဟာကို ပိုနှစ်ခြိုက်လဲဆိုတာလဲ ဝင်ရောက်ဆွေးနွေးကြပါဦး။

Author