အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကာနာတာကာ ပြည်နယ်တွင် တည်ရှိသည့် Toyota Kirloskar Motor Pvt.Ltd စက်ရုံမှ ဒေသခံ အလုပ်သမားများမှာ ၎င်းတို့၏ ရပိုင်ခွင့်များ အတွက် တောင်းဆိုစဉ် ကုမ္ပဏီထိပ်တန်းအရာရှိများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားများမှာ အလုပ်ပိတ်ရက် ပိုမိုရရှိရေး၊ လစာ ပိုမိုရရှိရေး တောင်းဆိုရာမှ တစ်ဆင့် ကုမ္ပဏီမန်နေဂျာများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ဆန္ဒပြခေါင်းဆောင် သုံး ဆယ်ခန့်ကို တိုယိုတာက အလုပ်မှ ထုတ်ပယ်ပစ်ခဲ့သည်။ ထို့ပြင် တိုယိုတာသည် မတ် ၁၆ ရက်တွင် စက်ရုံအား ပိတ်ခဲ့ပြီး အလုပ်သမားများမှာ မန်နေဂျာများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သလို ထုတ်လုပ်ရေးပိုင်းတွင်လည်း အနှောင့်အယှက်ပေးခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အလုပ်သမားများက ၎င်းတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးရုံသာမက အလုပ်ထုတ်ပစ်ခဲ့သူများအား အလုပ်ပြန်ခန့်ရန် တောင်းဆိုလျက် ရှိပြီး ကာနာတာကာ ပြည်နယ်အစိုးရက စက်ရုံအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရန် အမိန့်ပေးထားသည်။
Ref : Automobile