Full article

အာရှ၏ အကြီးဆုံး automaker ဖြစ်တဲ့ TOYOTA ၏ ရှယ်ယာဈေးတွေ အမြင့်ဆုံး ရောက်ရှိသွားပါတယ်။ TOYOTA ကတော့ ဒီနှစ် ရဲ့ Global Sales Title ကို General Motors Co.(GM) နဲ့ Volkswagen AG(VOW) တို့ကနေ ဆုပြန်ရယူနိုင်တော့မည်ဖြစ်ပါတယ်။ 2011 တွင် တတိယနေရာကို ကျဆင်းသွားတဲ့ TOYOTA က 2012 ရဲ့ ရောင်းအားကို 23% 9.76 million မြင့်တင်နိုင်မယ်လို့ မျှော်မှန်းထားပြီး August-3 တွင် 9.58 million ထိရောက်ရှိသွားပြီလို့ ကြေငြာခဲ့ပါတယ်။

ပထမရာသီအတွက် TOYOTA ရဲ့ စုပေါင်းရောင်းအားသည် သတ်မှတ်ထားသည်ထက်ကျော်သွားပြီ ဖြစ်ပြီး ရောင်းအားကောင်းသည့် ကာလဖြစ်သည်လို့ ဆွစ်ဇာလန်အခြေစိုက် ဘဏ်ကြီးတစ်ခုဖြစ်သည့် Creidt Suisse Group AG ၏ Tokyo-based auto analyst Kunihiko Shiohara က ဖော်ပြသွားပါတယ်။

Screen-Shot-2012-08-09-at-11.53.41-PM

TOYOTA ၏ သုံးလအတွင်း အသားတင် ဝင်ငွေ မှာ 290.3 billion yen ($3.7 billion) ဖြစ်ပြီး လေးနှစ်ကာလအတွင်း အမြင့် ဆုံးရောက်ရှိတဲ့ ကာလဖြစ်ပါတယ်။ Bloomberg ၏ ခန့်မှန်းချက်အရ ရောင်းအား တိုးတက်မည့် ပျမ်းမျှ ရာခိုင်းနှုန်း 7% ကို ကျော်လွန်ပြီး 14% တို့ရောက်ရှိသွားပါသည်။ TOYOTA သည် 2 နှစ်ဆက်တို်က် အရှုံးပြခဲ့ပြီး ဒုတိယရာသီမှာ အမြတ်ပြန်ရရှိခဲ့တာဖြစ်ပါတယ်။

TOYOTA ၏ အဓိကရောင်းအားတိုးတက်ရသည့် အကြောင်းအရင်းမှာ အရင်ရာသီထက် ကားများကို ၂ဆပို၍ တင်ပို့ခဲ့ပြီး Prius hybrid နှင့် အစိုးရ၏ ထောက်ပံပေးသည့် ဆီစားသက်သာသည့် ကားများကို Customer များမှ အဝယ်လိုက်မှု ကြောင့် ရောင်းအားကောင်းလာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံသည် အရင်နှစ်က ငလျင် နှင့် ဆူနှာမီ ဒဏ်ကို ခံခဲ့ရသော်လည်း ၂ဝ၁၂ ၏ ၆ လအတွင်း ဂျပန်ဈေးကွက်ကို ၅၄% ချဲ့ထွင်နိုင်ခဲ့ပါတယ်။ Bloomgerg ၏ ဖော်ပြချက်အရ အဆိုပါဈေးကွက်ချဲ့ထွင်နိုင်မှုနှုန်းထားသည် ကမ္ဘာ့ကားဈေးကွက်တွင် အမြန်ဆုံးဖြစ်သည်ဟုဖော်ပြသွားခဲ့ပါသည်။

(via Bloomberg)

Author