Electric Power-Steering Control အခြေတည်ရာ ဆားကစ်ဘုတ်မှာ ပျက်စီးနေပြီး အကျိုးဆက်အနေဖြင့် ယာဉ်မောင်းများ မောင်းနှင်ရာတွင် အန္တရာယ်ရှိနိုင်၍ ပြန်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်.။ ပြန်သိမ်းမည့် ကားအစီးရေ အတိအကျမှာ RAV4 EV အစီးရေ ၂,၅ဝဝ နှင့် ကျန်မော်ဒယ်များမှာ အစီးရေ ၁၁ဝ,ဝဝဝ တို့ဖြစ်သည်ဟု တိုယိုတာကုမ္ပဏီက အတည်ပြုထားပြီး ချွတ်ယွင်းမှုဖြစ်ပွားသည့် ဆော့ဖ်ဝဲကို Tesla ကုမ္ပဏီက ထုတ်လုပ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်.။
MyanmarCarsDB မှ Toyota ကားများကို ကြည့်ရန်
ကားများပြန်သိမ်းမည့်သတင်းကို တိုယိုတာက မတ် ၁၂ ရက်တွင် တရားဝင်ကြေညာထားပြီး ဆော့ဖ်ဝဲချွတ်ယွင်းမှုကြောင့် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် လူသေဆုံးမှုတို့ ဖြစ်ပေါ်ခြင်းမရှိဟု ပါရှိသည်.။ သို့သော်လည်း မည်သည့်နေ့တွင် ကားပြန်အပ်ရမည်၊ အခမဲ့ လဲလှယ်ပေးမည်လား စသည့် အသေးစိတ်အချက်အလက်များကိုမူ တိုယိုတာက ကြေညာခြင်း မရှိသေးပေ.။
March 20, 2015 Friday ထုတ် AutoMobile Journal မှ ကူးယူဖော်ပြပါသည်.။