"ကားစက်ရုံအသစ်တွေ လာထုတ်ဖို့ ဆွေးနွေးထားတာတော့ရှိပါတယ်။ Toyota လည်းပါတယ် တရုတ်ကားတွေထုတ်ဖို့လည်း လာဆွေးနွေးနေတယ်။ ဒါကလည်း ဆွေးနွေးထားတာပဲရှိသေးတာ။ နိုင်ငံတစ်ခုမှာ ကားလာထုတ်တယ်ဆိုတာကတော့ အလုပ်အကိုင်တွေရမှာမို့ ကြိုဆိုပါတယ်" ဟုရင်း နှီးမြုပ်နှံမှုကော်မရှင် တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်ရှိနေသည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ပလုပ်ငန်းရှင်ကုမ္ပဏီကြီးများ စိတ်ဝင်စားမှုရှိနေပြီး ဈေးကွက်ရရှိမှုနှင့် ဖြန့်ဖြူးမှုကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားထားရန်လိုအပ်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအခြေစိုက် ကားကုမ္ပဏီများဖြစ်သည့် ဆူဇူကီးနှင့် Nissan တို့က မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေလျှက်ရှိနေရာ ယခုလော လောဆယ်တွင် SKD , CKD စနစ်ဖြင့်ထုတ်လုပ်နိုင်ရန် တင်ပြလာသည့် ကုမ္ပဏီ ၃ ခုရှိတယ်လို့ သိရပါတယ်။
ခေတ်သစ်