Toyota Aye & Sons ၏ Lucky Draw Party နှင့် Road Show ပွဲကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့က Thuwunnabhumi Event Park တွင် ကျင်းပခဲ့

0

Full article

Toyota Aye & Sons ၏ Lucky Draw Party နှင့် Road Show ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ Thuwunnabhumi Event Park တွင် ကျင်းပခဲ့သော ဂျပန်-မြန်မာပွဲတော်တွင်ပြုလုပ်ခဲ့သည်။


Toyota Aye & Sons မှ ၂၀၁၉ ဒီဇင်ဘာလနှင့် ၂၀၂၀ ဇန်နဝါရီလများတွင် Toyota ကားသစ်များကို ဝယ်ယူခဲ့သည့် Customer များကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Lucky Draw party ကိုကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် Toyota Aye & Sons ၏ Managing Director Mr. Daiki Kato မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး Lucky Draw အစီအစဉ်ကိုဆက်လက်ကျင်းပခဲ့သည်။ Lucky Draw အစီအစဉ်တွင် US$ 1,500 Cash back coupon  ဆု (၃) ဆု၊ 3 years (or) 20 times engine oil and filter change coupon ဆု (၅) ဆု၊  ၇ သိန်းတန် Fuel Gift ဆု (၅) ဆု၊ iphone 11 Pro ဆု (၃) ဆု၊ စိန်လက်စွပ် (၂) ကွင်းနှင့် ပထမဆုအဖြစ် Brand New Toyota Rush ကားသစ်ကြီးကို မဲဖောက်ကြေညာခဲ့သည်။ ထို့နောက် Toyota Aye & Sons ၏ COO & Executive Director ဦးမျိုးမြင့်သိန်းက အပိတ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါပွဲတွင် Toyota Aye & Sons ၏ Brand New Road Show အဖြစ် Toyota Rush နှင့် Majesty တို့ကိုလည်းအထူးအစီအစဉ်များဖြင့် ပြသရောင်းချခဲ့ကြောင်းသိရသည်။

Author