Toyota Aye and Son's မှ Father's Campaign နှင့် Summer Special Lucky Draw အတွက် ဆုရရှိသူများအား ကြေငြာပေးခဲ့

0

Full article

Toyota Motor Corporation ၏ အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော Toyota Aye and Sons သည် ၂ဝ၁၆ခုနှစ်၂၄ရက် ဇွန်လ သောကြာနေ့တွင် Toyota Aye and Sons အရောင်းပြခန်းတွင် မီဒီယာ နှင့် စာနယ်ဇင်းသမားများကို ဖိတ်ကြားကာ Father's Campaign and the Summer Special Lucky Draw အစီအစဉ်အတွက် ဆုရရှိသူများကို ကြေငြာခဲ့ပြီး ဆုရရှိသူအသီးသီးကို ဆုများ ချီးမြှင့်ခဲ့ပါသည်။ထိုသို့ချီးမြှင့်ရာတွင် Father's Campaign အတွက် ဖခင်တစ်ယောက်ရဲ့ ကြီးမားသော ချစ်ခြင်းမေတ္တာတရားနှင့်ပက်သတ်၍ မည်သည့် တိုယိုတာ ကားဖြင့်ဖြစ်စေ မိသားစု အမှတ်တရ ဓာတ်ပုံ ၁ပုံရိုက်ပြီး Facebook ပေါ်တွင် တင်ပေးရမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကာ ပထမဆု ၅ သိန်း၊ ဒုတိယဆု ၂.၅ သိန်း၊ တတိယဆု ၁.၅ သိန်းနှင့် စတုထ္တဆု ၁ သိန်း စသည့် ဆုအသီးသီးအတွက် ကံထူးရှင်ငါးယောက်ကို ရွေးချယ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး Summer Special Lucky Draw အတွက် ဧပြီလ ၁ရက်နေ့မှ မေလ ၃၁ရက်နေ့အတွင်း တိုယိုတာ ကားသစ်ဝယ်ယူသည့် Customer များထဲမှ ကံထူးသူများကို ပထမဆုအနေဖြင့် ရွှေ ၁ဝ ကျပ်သား၊ ဒုတိယဆုအနေဖြင့် USD 4000 နှင့်အတူ စင်္ကာပူနိုင်ငံသို့ အခမဲ့ သွားရောက်လည်ပတ်နိုင်မည့် အခွင့်အရေး၊ တတိယဆုအနေနဖြင့် ရွှေ ၃ ကျပ်သား အသီးသီးချီးမြှင့်ပေးခဲ့ပြိး အခြားသော နှစ်သိမ့်ဆုမဲပေါင်း ၁၂ ဆုကိုလည်း ကြေငြာပေးခဲ့ကြောင်း သိရပါသည်။

Author