ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်များ နှစ်လအတွင်း ဒဏ်ငွေဆောင် ရွေးယူခြင်းမရှိပါကနိုင်ငံပိုင် သိမ်း၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသတင်းရရှိသည်။ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များကို ကရိန်းဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခံယာဉ်များအား လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်း အတွင်းသိမ်းယူထားကြောင်းနှင့် ဖမ်းဆီးခံယာဉ်အများစုမှာ လာရောက်ရွေးယူခြင်း မရှိသည့်အတွက် ယင်းတို့ကိုနိုင်ငံပိုင်ယာဉ်အဖြစ် သိမ်းယူ၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ အရေးယူရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအထိ ချလန်ဖြတ်အရေးယူမှုနှင့် ဖယ်ရှားအရေးယူမှုစုစုပေါင်း လေးရာ0န်းကျင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်းအတွင်း လာရောက်ရွေးယူခြင်း မရှိသည့် အရေးယူထားသည့် စည်းကမ်းမဲ့ယာဉ် အစီးရေ နှစ်ရာကျော်ရှိပြီ ဖြစ်ကြောင်းသတင်းရရှိသည်
Ref: Automobile
Photo Credit: Karen Apricot New Orleans