Full article

သက်ဆိုင်ရာ ကုမ္ပဏီများထံမှ အသနားခံစာ တင်ပြမှုကြောင့် အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများ ပြုလုပ်တော့မည် မဟုတ်တော့ ကြောင်း 'မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းရောင်းချသူများအသင်း'မှ သိရသည်။

images-4

၂ဝ၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်တင်သွင်းမှုတွင် တိုက်ကြေကားများ ပါဝင်ခဲ့ပြီး မေလပထမပတ်တွင် အစီးရေ သုံးဆယ်ကျော်နှင့် နောက်ဆုံးပတ်တွင် အစီးရေ (၅ဝ) ကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ထို့ပြင် ပွန်းပဲ့ရုံနှင့် တိုက်ကြေကား သတ်မှတ်ရန်အတွက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပွန်းပဲ့ရုံ၊ မီးအိမ်၊ မီးခွက် မပါရုံနှင့် တိုက်ကြေ အဖြစ် သတ်မှတ်ကာ ဆိပ်ကမ်းမှ မော်တော်ယာဉ် ထုတ်ယူခွင့် မပြုခြင်းကြောင့် အသင်း၏ သတ်မှတ်ချက်နှင့် ကုမ္ပဏီများမှ အသနားခံစာများ တင်ပြခဲ့ကြသဖြင့် ထုတ်ယူ ခွင့်ပြုပေးခဲ့ပြီး တိုက်ကြေကားနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်းများ ပြုတော့မည် မဟုတ်ကြောင်း သိရသည်။ "ဒါက နားလည်မှုယူထားတဲ့ သဘောပါ၊ ထုတ်ယူခွင့် ပြုရင် ပြု၊မပြုရင် ပြန်ပို့ပေါ့၊ ဒီလိုဆောင်ရွက်ပေးဖို့ကို တင်ပြခဲ့တယ်၊ ကားတင်သွင်းမှုမှာ တိုက်ကြေကား တွေ့ပြီ ဆိုရင် အကောက်ခွန်က အသင်းကို အကြောင်းကြားတယ်၊ ဒါကို အသင်းက သွားကြည့်ပြီး ဒါတော့ တိုက်ကြေကား၊ ဒါတော့မဟုတ်ဘူး ဆိုပြီး ပြောပြသတ်မှတ်ရတယ်၊ တချို့ မိုဒယ်မြင့်ကားတွေဆိုရင် မီးခွက်တွေ ထိခိုက်မှာစိုးလို့ ဖြုတ်သိမ်းတယ်၊ ဒါကို တိုက်ကြေဆိုပြီး သူတို့က သတ်မှတ်တယ်၊ ဒါက မဟုတ်ဘူးဆိုပြီး ရှင်းပြရတာပေါ့ အခုတော့ အဆင်ပြေပါပြီ၊ အသင်းရဲ့ မှတ်ချက်နဲ့ ကုမ္ပဏီရဲ့ အသနား ခံစာကိုကြည့်ပြီး လက်ခံတယ်"ဟု 'မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ရောင်းချသူများအသင်း'မှ တွဲဖက် အတွင်းရေးမှူးက ပြောသည်။ မော်တော်ယာဉ် တင် သွင်းမှု မူဝါဒပြောင်းလဲသည့် ၂ဝ၁၁ ခုနှစ် မှစ၍ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ မော်တော်ယာဉ် ၁၂၆ç ၇၃၃ စီး တင်သွင်းခဲ့ပြီး တိုက်ကြေ ကားများ မပါဝင်ခဲ့ကြောင်း၊ မော် တော်ယာဉ်တင်သွင်းမှုတွင် တိုက် ကြေကားပါဝင်မှုမှာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ပိုင်းမှ စ၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Ref : Automobile

Author