အစီအစဉ်အစတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲတွင် ကားသုံးစီးကို စတင်မိတ်ဆက်ကာ စတင်မောင်းနှင်ခဲ့ပြီး ရန်ကုန်မြို့၏ ကားများနှင့် လမ်းများ ပြောင်းပြန်ဖြစ်နေပုံ (လက်ယာဘက်ကပ်မောင်းစနစ်တွင် အသုံးပြုနေသော ကားများမှာ လက်ဝဲမောင်းများဖြစ်နေခြင်း)၊ လမ်းသွားလမ်းလာများမှာ ကားများကြားထဲတွင် မကြောက်မရွံ့ သွားလာနေကြပုံ၊ မြို့ထဲရှိ လမ်းကျဉ်းအတွင်း ဖြတ်မောင်းစဉ် လမ်းဘေးရှိဆိုင်များနှင့်မလွတ်ပဲ ဒုက္ခရောက်ပုံများကို ဟာသများနှင့်ရောနှော၍ တင်ဆက်ထားသည်။ လည်းကောင်းတို့ ခရီးစဉ်မှာ ရန်ကုန်မှတစ်ဆင့် နေပြည်တော်၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ကို ဖြတ်၍ ထိုင်းနယ်စပ်သို့ သွားမည့် အစီအစဉ်ဖြစ်သည်။
နေပြည်တော်တွင် တစ်ထောက်နားစဉ် လမ်းများမှာ အလွန်ကျယ်ဝန်းမှု၊ အသွားအလာ အလွန်နည်းပါးမှု စသည်တို့ကိုလည်း ရိုက်ကူးပြသထားသည်။ ကျယ်ဝန်းသော လမ်းမပေါ်တွင် ဘောလုံးကန်ခြင်း၊ လည်းကောင်းတို့၏ truck ကား ၃စီးဖြင့် Drag Race ပြုလုပ်ခြင်းများလည်း ပါဝင်သည်။
ယခုအစီအစဉ်ကို ၂ ပိုင်းထုတ်လွှင့်သွားမည်ဖြစ်ပြီး ယခုအပိုင်းတွင် ရှမ်းပြည်နယ်အထိ ရောက်ရှိသွားပုံကို တင်ဆက်ထားသည်။ နောက်တစ်ပတ်တွင် ထုတ်လွှင့်မည့်အစီအစဉ်တွင်လည်း စိတ်ဝင်စားဖွယ်ရာများစွာ ပါဝင်လိမ့်မည်ဖြစ်ကြောင်း Trailer တွင်ပါဝင်သော ပြကွက်များအရ ခန့်မှန်းရပါသည်။ အဆိုပါအစီအစဉ်အား အောက်ပါ Youtube video တွင်ကြည့်ရှုနိုင်ပါသည်။