လမ်းတံတားအသုံးပြုခများကို ဒီဇင်လာ ၁ မှစပြီး ရာပြည့်ကိန်းဂဏန်းဖြင့်သာ ကောက် ခံမည်

0

Full article

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် လမ်းတံတားအသုံးပြုခများအား ဒီဇင်ဘာလ ၁ ရက်မှစပြီး ရာပြည့်ကိန်းဂဏန်းများဖြင့်သာ ကောက်ခံတော့မှာ ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန် ကြီးဌာနထံကနေ သိရသည်။

လမ်းတံတားများ၊ တိုးဂိတ်များ၌ လမ်းအသုံးပြုခများပေးဆောင်ရာတွင် ကျပ်ဂဏန်းစွန်း၊ ဆယ်ဂဏန်းစွန်းများဖြင့် ကောက်ခံနေခြင်းဖြစ်၍ အကြွေပြန်အမ်းခြင်း အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် လမ်းတံတားကောက်ခံနှုန်းထားများကို ပြန်လည်စစ်စစ်ကာ ကျပ်ဂဏန်း၊ ဆယ်ဂဏန်းစွန်းများအစား ရာပြည့်ကိန်းများဖြင့် ပြင်ဆင်ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

"အကြွေမရှိတော့ပြန်အမ်းဖို့က ခက်သွားတယ်။ ရာပြည့်ကိန်းပြည့်ဖြစ်အောင် တိုးမှာလား ဆိုတော့ ကျွန်တော်တို့ကတစ်ချို့ကို ပြန်ညှိမှာပါ၊ တိုးတဲ့ဟာတိုးမယ်၊ လျှော့တဲ့ဟာလဲ လျှော့သွားမှာပါ။ ရာပြည့်ကိန်းဂဏန်း ကောက်တာကိုတော့ ဒီဇင်ဘာလမှာ စတင်မှာပါ။"လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ လမ်း၊ တံတားအသုံးပြုခကောက်ခံနေသည့် ဂိတ်ပေါင်းသုံးရာကျော်ကိုလည်း လမ်းအသုံးပြုခ ကောက်ခံခြင်းမပြုရန် စီစဉ်နေလျက်ရှိ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံကနေ သိရသည်။

Author