လာမည့် ဘဏ္ဍာနှစ်မှစ၍ လမ်းအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်း ပယ်ဖျက်သွားမည်

0

Full article

![](/redline/content/images/2017/06/2222-300x199.jpg)

Photo Credit

လာမယ့်ဘဏ္ဍာနှစ်မှစ၍ လမ်းအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်း ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းက တံတားတွေမှာ တန်ပိုယာဉ်တွေ ပေးမဖြတ်တော့သလို တံတားဖြတ်သန်းခ နဲ့ လမ်းအသုံးပြုခကိုလည်း လာမယ့် ဘဏ္ဍာနှစ်ကစပြီး မကောက်ခံတော့ပါဘူး။ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တံတားများပေါ်တွင်ဖြတ်သန်းသွားလာရတဲ့ ယခုနှစ် ဧပြီလ ၁ ရက်ကစ၍ တန်ပိုတင်ဆောင်လာသော ယာဉ်များကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ တံတားဖြတ်သန်းခကိုလည်း ကင်းလွတ်ခွင့် ပေးခဲ့ရာ လမ်းအသုံးပြုခများကို လည်း ကောက်ခံခြင်းမပြုရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနနဲ့ ဆွေးနွေးထားပြီးဖြစ်ရာ လာမယ့်နှစ်မှစ၍ လမ်းအသုံးပြုခ ကောက်ခံခြင်းမပြုတော့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ သံလျင်တံတား အမှတ်(၁) ၊ သံလျင်တံတား အမှတ်(၂) ကုက္ကိုတံတား ၊ ဘုရင်နောင်တံတား အမှတ်(၁) ၊ ဘုရင်နောင်တံတား အမှတ်(၂) ၊ အောင်ဇေယျတံတား ၊ ရွှေပြည်သာတံတား ၊ ပန်းလှိုင်တံတား နှင့် တွံတေးတံတားတို့ကို မတ်လ (၁)ရက်နေ့မှစတင်ပြီး တံတားဖြတ်သန်းခကိုကောက်ခံခြင်းမပြုတော့ကြောင်း

သိရပါတယ်။

ခေတ်သစ်

Author