Full article

ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှု မရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေသည်ဟု 'စွမ်းအင်ဝန်ကြီးဌာန'မှ သတင်းရရှိသည်။tj

ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဝယ်ယူသုံးစွဲသူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပေးရသည့်တန်ဖိုးနှင့် ရရှိသည့်ပမာဏမှာထက်ဝက်ခန့် လျော့နည်းမှုရှိနေကြောင်း ကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲ ဖြတ်အဖွဲ့သို့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါ ရီလက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "စက်သုံးဆီ အခြင် အတွယ် ပြည့်မီမှု ရှိ/မရှိနဲ့ စက်သုံးဆီ အရည်အသွေး တိုင်းတာစစ်ဆေးမှုကို ၂ဝ၁၃ ခုနှစ်တုန်းက ပြုလုပ်သလို ဒီနှစ်မှာလည်း ဆောင်ရွက်သွားမှာပါ၊ ဒီနှစ်မှာ စက်သုံးဆီ အရောင်း ဆိုင်တွေကို တိုင်းတာစစ်ဆေးမှု မလုပ်ရသေးပေမဲ့ မကြာခင်မှာပဲ ဆောင်ရွက်သွားမှာပါ"ဟု 'မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး'မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၌ ရန်ကုန်မြို့တွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း တစ်ရာကျော် အနက်ဆိုင် နှစ်ဆယ်ခန့်မှာ အခြင်အတွယ်ပြည့်ဝမှု မရှိသည်ကို တွေ့ရကြောင်း သိရသည်။ ယင်းသို့ စက်သုံးဆီ အခြင်အတွယ် ပြည့် ဝစွာ ရောင်းချခြင်းမရှိသည့် အရောင်းဆိုင်များအား ပထမအကြိမ် သတိပေးခြင်းနှင့် ဒုတိယအကြိမ် ရောင်းချခွင့် သုံးလ ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိသည်။

Ref: Automobile

Author