တိုက်ကြေစလစ်ဖြင့် ကားတင်သွင်းရာတွင် ရောက်ရှိနှစ် မော်ဒယ်သတ်မှတ်ချက်အတွင်း ကားများကို တင်သွင်းခွင့်ရှိမည်

0

Full article


တိုက်ကြေစလစ်ဖြင့် ကားတင်သွင်းရာတွင် ရောက်ရှိနှစ် မော်ဒယ်သတ်မှတ်ချက်အတွင်း ကားများကို တင်သွင်းခွင့်ရရှိမည်ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနက သိရပါတယ်။ယာဉ်မတော်တဆဖြစ်ပွားခဲ့သည့်ယာဉ်များကို အသစ်တစ်စီးပြန်လည်တင်သွင်းနိုင်ရန် တိုက်ကြေယာဉ်ဟောင်းစလစ်ထုတ်ပေးလျှက်ရှိရာ ပြန်လည်တင်သွင်းရာတွင် ယခုနှစ်သတ်မှတ်ထားသည်မော်ဒယ်အတိုင်း ပြန်လည်သွင်းယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

တိုက်ကြေစလစ်ရရှိရန်ယာဉ်အားထိခိုက်ထားတဲ့ပုံစံမျိူ းယာဉ်မတော်တဆဖြစ်သည့်ပုံစံများပြုလုပ်၍ ရဲစခန်းထောက်ခံစာ၊တရားရုံးအမှူကိစ္စများကို လိမ်လည်ယူ တိုက်ကြေစလစ်ရရှိရန်ထုတ်ယူနေမှူများလည်းရှိနေသည်။

ထိုကြောင့် တိုက်ကြေကားဟုတ်မဟုတ် သေချာစွာစစ်ဆေးပီးမှ စလစ်ထုတ်ယူခွင့်ပြုရန်ညွှန်ကြားထားရှိတယ်လို့သိရပါတယ်။

တိုက်ကြေစလစ်ဖြင့်ကားသစ်တစ်စီးတင်သွင်းခြင်းကို ၂ဝ၁၁ မော်ဒဒယ်မှ ၂ဝ၁၄ မော်ဒယ်အထိသတ်မှတ်ထားရှိပြီး အခွန်သက်သာခွင့်ပြုထားလျှက်ရှိကြောင်းသိရပါတယ်။

ခေတ်သစ်

Author