သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်း တွင် အတွင်းရှိကားများ မနက်ဖြန်မှ စ၍ ဖယ်ရှားပေးရမည်

0

Full article

သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်း ဖွင့်လှစ်ထားသော အဆောက်အဦး သည် အန္တရာယ်ရှိ အဆောက်အဦး အဖြစ်သတ်မှတ် ပြီးဖြစ်၍ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်းရှိကားများ
မနက်ဖြန်မှ စ၍ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက စာထုတ်ပြန်ထားပါသည်။

Photo Credit- အရည်ကြို

ထို့ကြောင့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ကားအရောင်းအဝယ် ပြုလုပ်နေတဲ့ ယာဉ်များကို သြဂုတ်လ ၁၇ ရက် မနက်ဖြန်က်စပြီး ဖယ်ရှား ရှင်းလင်းပေးရမှာ ဖြစ်ရာ အခြားယာဉ်ရောင်းဝယ်ရေး နေရာများတွင် သွားရောက်ရပ်နား၍ ကားအရောင်းအဝယ် ပြုလုပ်သွားရ မှာ ဖြစ်တယ်လို့ သတိပေး ထားရှိပါတယ်။ "ဒီနေ့ သတင်းစာမှာကြေငြာတယ်။ မနက်ဖြန် ကားတွေ ဖယ်ပေးရမယ်ဆိုတာတော့ လုံးဝမတရားဘူး။ အနည်းဆုံး အချိန် ၂ ပတ် ၁ လ လောက် ပေးသင့်တာပါ။ ကားတွေကို ချက်ချင်း နေရာရွှေ့ပြောင်း ဖို့ဆိုတာ လုံးဝအဆင်မပြေဘူး။ ကားတွေက အများကြီး နောက်တစ်နေရာ ပြောင်းဖို့ဆိုတာ မလွယ်ဘူး"ဟု သီရိမင်္ဂလာ ကားအရောင်းအဝယ်ရေးစခန်းတွင် လုပ်ကိုင်နေသူ ကိုသန်းနိုင် က ပြောဆိုပါသည်။ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေး အဆောက်အဦးမှာ အန္တရာယ်ရှိ အဆောက်အဦး သတ်မှတ်ခဲ့သောကြောင့် ပြန်လည်ဆောက်လုပ်သွားမှာ ဖြစ်ပြီး ကားရောင်းဝယ်ရေးနေရာရှိ ကားများကို သံသုမာယာဉ်ရောင်းဝယ်ရေး စခန်း ၊လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်း၊ အောင်မင်္ဂလာ ယာဉ်ရောင်းဝယ်ရေး နေရာများတွင် သွားရောက်အရောင်းအဝယ်ပြုလုပ်နိုင်တယ်လို့လည်း သိရပါသည်။ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေတဲ့ နေရာ ဖြစ်တဲ့ သီရိမင်္ဂလာ ကားအရောင်းအဝယ်စခန်းတွင် ကားအစီးရေ ၄ဝဝ ကျော်ရှိနေပြီး အခြား ကားဝယ်ရောင်းပြုလုပ်နေသူ အယောက် ၂ဝဝ ခန့်ရှိနေတယ်လို့ လည်း သိရပါတယ်။

ခေတ်သစ်

Author