YBS ယာဉ်စီးခပေး YPS ကဒ် စနစ်အသုံးပြုရာတွင် မြို့တွင်းယာဉ်းလိုင်း ၃ လိုင်းကို ယာဉ်စီးခ ၁ဝဝ နှုန်းသာ ကောက်ခံမည်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအား Yangon Payment System (YPS) ယာဉ်စီးခပေးကဒ်စနစ် အသုံးပြုရာတွင် မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်း ၃ လိုင်း (၅၆၊ ၅၇၊ ၅၈)အား ယာဉ်စီးခနှုန်း ၁ဝဝ ကျပ်နှုန်းသာ ပိုင်းဖြတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံက သိရသည်။

ရန်ကုန်တိုင်းတွင် ပြေးဆွဲပေးနေသည့် ခရီးသည်တင် YBS ယာဉ်များတွင် ယာဉ်စီးခပေးချေသည့် Yangon Payment System (YPS) ကဒ်စနစ် လုပ်ဆောင်ရန် Asia Star Mar Transport Intelligent တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ နှင့် MoU လက်မှတ်ရေးထိုးပြီးဖြစ်ရာ မကြာခင် YBS ကားများတွင် ကဒ်စနစ်များတပ်ဆင်အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

" YBS ယာဉ်စီးခ ပေးချေတဲ့ YPS ကဒ်စနစ် တပ်ဆင်အသုံးပြုဖို့လုပ်နေပါပြီ။ မြို့တွင်းကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်း၃ လိုင်းက လက်ရှိကောက်ခံနေတဲ့ ၁ဝဝ နှုန်းပဲ ကောက်ခံသွားမှာပါ။"ဟု YBS ခရီးသည်တင်ယာဉ်များကို စီမံခန့်ခွဲနေလျှက်ရှိသော အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်စီးခပေးချေရာတွင် ကဒ်စနစ်နှင့် ငွေပေးရသည့် စနစ်နှစ်မျိုးစလုံးထားရှိမည်ဖြစ်ရာ ကဒ်စနစ်နှင့် ငွေပေးချေအသုံးပြုပါက ပိုမိုသက်သာခွင့်ရရှိမည်ဖြစ်ပြီး လက်ရှိ ယာဉ်စီးခ ၂ဝဝ ကျပ် ပေးစီးနေရသည့် ခရီးတွင် ကဒ်စနစ် အသုံးပြုပါက ငွေကျပ် ၁၉ဝ ၊ ၁၈ဝ သာ ကုန်ကျနိုင်ကြောင်း ကဒ်စနစ် ပြောင်းလဲလိုက်ခြင်းကြောင့် ပြည်သူများအနေဖြင့် ကုန်ကျစာရိတ် ပိုမိုတိုးလာမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္စာမျိူးက သြဂုတ်လ ၁၅ ရက် YPS တင်ဒါခေါ်ယူမှုအတွက် တင်ဒါလုပ်ငန်းငန်းစဉ်အစည်းအဝေးတွင် ပြောကြားထားရှိသည်။

Public Transportation

Author