Mercedes A-Class ကို တစ်နာရီ ၂၀၁ မိုင်နှုန်းအထိမောင်းလို့ရအောင် ပြုပြင်လိုက်တဲ့ ဂျာမန် tuner

0

Full article

Posaidon ရဲ့ AMG A45 ဟာ 525bhp အထိထွက်ရှိပြီး Ferrari F40 ကိုတောင်မှ ယှဉ်မောင်းလို့ရနိုင်တာမျိုးပါ။

A-Class ဆိုလို့ Redline ကနေ review လုပ်ခဲ့ဖူးတဲ့ A-Class Hatchback လေးကိုသွားပြီးသတိရမိတယ်။ သာမန် Mercedes ရဲ့ A-Class ဟာ 0-100 kph နှုန်းကိုရဖို့အတွက် 8-sec သာကြာမယ်လို့ဆိုထားတာဖြစ်ပေမဲ့ Redline မောင်းတုန်းကတော့ 9.27-sec အထိကြာခဲ့ပါတယ်။ ဒါဟာ Mercedes ရဲ့ထုတ်ပြန်ချက်အမှားတော့မဟုတ်ပါဘူး။ မျက်နှာပြင်ညီညာမှုနည်းတဲ့ ကွန်ကရစ်လမ်းပေါ်မှာ စမ်းသပ်မောင်းနှင်နိုင်ခဲ့တဲ့ Redline ရဲ့ လိုအပ်ချက်သာဖြစ်ပါတယ်။ တကယ်တမ်းက 8-sec ဆိုတာ Mercedes A-Class အတွက်အမှန်တကယ် ရှိသင့်ရှိထိုက်တဲ့ မြန်နှုန်းမြှင့်တင်နိုင်စွမ်းပါပဲ။

သာမာန် Mercedes A-Class ကို tune ထားတဲ့ Mercedes-AMG A45 S ကတော့ hatchback တွေထဲမှာ အားအကောင်းဆုံးဖြစ်နိုင်ပါတယ်။ အမြင့်ဆုံးပါဝါ 415 bhp အထိ ထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး 0-100 kph နှုန်းကိုရဖို့ 3.9-sec သာကြာမှာဖြစ်တယ်။ ဒါဟာ တံခါးငါးပေါက်ပါကားတွေအတွက် အမြင့်ဆုံးအရှိန်တင်နိုင်စွမ်းလို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အခုက Posaidon အလှည့်။ သူက Mercedes-AMG A45 S ကိုမှ ပိုမိုတဲ့စွမ်းဆောင်ရည်ရဖို့ ထပ်မံမွမ်းမံတာပါ။ သူက A45 ကို အဆင့်နှစ်ဆင့်နဲ့ tune တယ်။ ပထမအဆင့်မှာ 2.0-liter turbo ရဲ့ software အပေါ်ကိုအာရုံစိုက်ပြီး 50 bph လောက်ပိုရအောင်လုပ်လိုက်တာပါ။ 465 bhp အထိထွက်ရှိလာပြီး 0-100 kph အတွက် 3.6-sec သာကြာမြင့်တော့မှာဖြစ်တယ်။ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။

သူ့ရဲ့ ဒုတိယ tuning ကတော့ RS 525 ကိုထပ်ဖြည့်လိုက်တာပါ။ Mercedes ရဲ့ turbo နေရာမှာ အားကောင်းသန်မာဖို့အတွက် ပိုပြီးလိုက်ဖက်ညီတာနဲ့ ဖလှယ်လိုက်တာလည်းဖြစ်ပါတယ်။ ဒုတိယအဆင့်အပြီးမှာတော့ Posaidon ရဲ့ AMG A45 ဟာ အမြင့်ဆုံးပါဝါ 525 bhp အထိထုတ်လွှတ်ပေးနိုင်လာပြီး 0-100 kph နှုန်းအတွက် 3.4-sec သာကြာမြင့်တော့မှာပါ။ ဒါပေမဲ့ ဒါဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ 201 မိုင်နှုန်းနဲ့မောင်းဖို့တော့ မလုံလောက်သေးပါဘူး။

ဒီလောက်မြန်နှုန်းအထိမောင်းနှင်နိုင်ဖို့အတွက်ဆိုရင် ကိုယ်ထည်၊ အောက်ပိုင်း၊ ဘရိတ် စသည်ဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်တပ်ဆင်ရတာတွေရှိပါသေးတယ်။ Posaidon ဘက်ကတော့ အခုလောက်စွမ်းဆောင်ရည်ကို အားရပုံမရသေးပါဘူး။

“ဒီထက်ပိုပြီး powerful ဖြစ်တဲ့ ‘plus’ model လုပ်သွားဖို့ရှိနေပါတယ်။ လုပ်လည်း ‘စ’ လုပ်နေပါပြီ။” လို့ပြောနေတာကိုပဲကြည့်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အခုလိုမြှင့်တင်မှုမျိုးဟာ အခြား 45 မိသားစုဝင်တွေအတွက်လည်း လျှော်ကန်မှုအပြည့်ရှိနေတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တစ်နာရီကို မိုင်နှစ်ရာနှုန်းနဲ့အထက်မောင်းနှင်လို့ရတဲ့ Mercedes ရဲ့ saloon နဲ့ SUV တွေဟာ AMG ရဲ့ရွေးချယ်မှုအလိုအတိုင်း ထွက်ရှိလာနိုင်သေးတာပါပဲ။

Ref: This German tuner's made a 201mph Mercedes A-Class by Stephen Dobie

Author